ဘရူနို ဖာနန်ဒက်စ်က ရှေ့လျှောက် မန်ချက်စတာ ယူနိုက်တက်မှာ နေရာပြောင်း ကစားတော့မှာလား

ပြီးခဲ့တဲ့နှစ်တွေ အတွင်း နံပါတ် ၁၀ နေရာတွင် ကစားခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ ရှေ့လျှောက် မန်ချက်စတာ ယူနိုက်တက်အတွက် နေရာပြောင်း ကစားဖွယ် ရှိနေပါတယ်။

၂၀၂၀ ခုနှစ် ဇန်နဝါရီတွင် စပို့တင်းလစ္စဘွန်းကနေ ပြောင်းလာကတည်းက ဖာနန်ဒက်စ်ဟာ အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ဖယ်ရှားမလို့မရတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ကွင်းလယ် တိုက်စစ်ကစားသမားအဖြစ် အဓိက ကစားပေးခဲ့သူဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှုအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ရာသီတစ်လျှောက်လုံးမှာ ဂိုးတွေလည်း သွင်းယူပေးနေသူဖြစ်ပါတယ်။

ဒါပေမဲ့ နည်းပြအဖြစ်ရောက်လာကတည်းက တန်ဟက် ဖာနန်ဒက်စ်ကို အချို့သော အချိန်တွေမှာ ညာတောင်ပံနှင့် ကွင်းလယ်အတွင်းပိုင်းတွင် ဝင်ရောက် ကစားစေခဲ့တာဖြစ်ပါတယ်။

နည်းဗျူဟာပိုင်းဆိုင်ရာအကြောင်းပြတွေကြောင့် တန်ဟက်ဟာ ဖာနန်ဒက်စ်ကို မတူညီတဲ့နေရာတွေမှာ ကစားခိုင်းတာဖြစ်ပါတယ်။

မန်စီးတီးအားရှုံးနိမ့်ခဲ့တဲ့ပွဲမှာ False Nine အဖြစ် ကစားခဲ့ရပြီး ဘရူနိုကတော့ အဒါဟာ အဲ့ဒီလိုမျိုးမဟုတ်ကြောင်း ဖြေရှင်းခဲ့ကာ ကွင်းလယ်အတွင်းပိုင်းနေရာမှာကစားရတာကို သဘောကျမိကြောင်း A Bola သို့ ဖြေကြားခဲ့ပါတယ်။

“ဒါဟာ False Nine မဟုတ်ပါဘူး။ ဒီလိုပုံစံမျိုးကိုလည်း ကျွန်တော်မလုပ်ခဲ့ပါဘူး။ အဲ့ဒီနေရာနဲ့လည်း အကျွမ်းတဝင်မရှိတာကြောင့် ကျွန်တော်လုပ်ခဲ့တာကလည်း False Nine မဟုတ်ပါဘူး။ နည်းပြအလိုရှိတဲ့အတိုင်းသာ ကျွန်တော်က အကောင်းဆုံးကြိုးစားပြီး ကစားပေးခဲ့ရုံပါ”

“နောက်ဆုံးလိုင်းကစားဖို့နှင့် ဗဟိုခံစစ်မှူးတွေနဲ့ထိပ်တိုက်တွေ့ဖို့ အရည်အသွေးမျိုး ကျွန်တော့်မှာမရှိတာကြောင့် အတွင်းထဲသို့ဝင်ကစားဖို့ နည်းပြက ကျွန်တော့်ကို‌ ပြောထားပါတယ်။ ဒါပေမဲ့ အသင်းလိုအပ်နေတဲ့အချိန်မှာ ကျွန်တော်က အကောင်းဆုံးပေးဆပ်ပြီး အပြည့်အဝကစားနိုင်ခဲ့ပါတယ်”

“အထူးသဖြင့် ပြီးခဲ့တဲ့ရာသီမှာ နည်းပြက ကျွန်တော့်ကို အတွင်းပိုင်းသို့ ဝင်ရောက် ကစားခိုင်းခဲ့ပါတယ်။ အဲဗာတန်နဲ့ပွဲမှာဆိုရင် ကျွန်တော်က နံပါတ် ၆ နေရာမှာကစားခဲ့ပြီး ကျွန်တော်ကစားဖူးတဲ့ပွဲတွေထဲမှာ ပြီးပြည့်စုံမှုရှိတဲ့ ပွဲတစ်ပွဲဖြစ်တယ်လို့ ထင်နေတုန်းပါ”

“ဘောလုံးပေးပို့မှု၊ စုဖွဲ့ကစားမှု၊ ခံစစ်နှင့် နည်းဗျူဟာပိုင်းတွေမှာပါ။ ငါ့ရဲ့ ကစားသမားဘဝ ဒီလိုနဲ့ပဲ ပြီးသွားတော့မှာလားလို့တောင် ကျွန်တော်ထင်ခဲ့မိပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးကအဲ့ဒီကနေစပြီးနောက် နံပါတ် ၁၀ နေရာနဲ့ပဲ ကွင်းထဲမှာ အဆုံးသတ်ကြတာပါ”

“ကွင်းလယ်ရဲ့အတွင်းပိုင်းမှာ ကစားရတာကို ကျွန်တော် အရမ်းသဘောကျပါတယ်။ ဘောလုံးရရှိနေတဲ့အချိန်ဆိုရင် မြင်ကွင်းက ပိုရှင်းတဲ့အတွက် ကျွန်တော့်အတွက် အရမ်းကို လွယ်ကူစေပါတယ်”

“နံပါတ် ၁၀ နေရာမှာ မကစားဘြ အတွင်းပိုင်းသို့ ဝင်ရောက် ကစားခဲ့ရပေမယ့် အဲဗာတန်နဲ့ပွဲက ကျွန်တော့်အနေနဲ့ ဂိုးသွင်းခွင့်တွေ ပိုပြီးလုပ်နိုင်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်” လို့ ဖာနန်ဒက်စ်က ပြောပါတယ်။