မန်ယူ ညံ့ချက်ကြီးကို မယုံနိုင် ဖြစ်နေပြီး ကွင်းထဲ လေညှင်းခံ လမ်းလျှောက်နေတဲ့ သရဲနီ တစ်ဦးကိုပါ ဖော်ထုတ်သွားခဲ့သူ
မန်ချက်စတာ ယူနိုက်တက်ဟာ နိုင်ငံပွဲတွေ အပြီး မနေ့က ပရီးမီးယား လိဂ်ပွဲတွေ ပြန်စတင်ချိန် ညက အဝေးကွင်းပွဲမှာ ယူနိုက်တက် ဟာ ဘရန့်ဖိုဒ်နဲ့ ၁-၁ သရေ ကျသွားခဲ့ပါတယ်။
အင်္ဂလန်နဲ့ လီဗာပူး ကွင်းလယ်ဟောင်းကြီး ရက်ပ်နက် ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ညံ့ဖျင်းမှုကို အံ့အားသင့်နေပြီး ကွင်းထဲမှာ လေညှင်းခံ လမ်းလျှောက်သလို လုပ်နေတဲ့ သရဲနီ တစ်ဦးကိုပါ ဖော်ထုတ် ဝေဖန်မှု ပြုလုပ်သွားပါတယ်။

” မန်ချက်စတာ ယူနိုက်တက်ဖန်တွေကတော့ သူတို့ အရင် လီဗာပူးနဲ့ပွဲ ရလဒ်ကောင်းထားတာကြောင့် ဒီညပွဲကို အတော် မျှော်လင့်နေခဲ့ကြမယ် ထင်တယ်။ ယူနိုက်တက်တော့ ဒီရာသီကို အလှည့်အပြောင်း လုပ်နိုင်ခဲ့ပြီ ထင်ခဲ့ကြမှာ။
သူတို့ ဒီည ခြေစွမ်းက အတော်ကို ဆိုးဆိုးပါပဲ။ အားထုတ်မှုတောင် မရှိတာကို ကျွန်တော် မယုံနိုင် ဖြစ်ရတယ်။ တောက်ပမှုလည်း မရှိ၊ တစ်ဦးချင်း ယှဉ်ဖိုက်မှုတွေမှာလည်း နိုင်လိုစိတ်ကို မတွေ့ရဘူး။
မားကပ် ရက်ဖို့ဒ်ဆိုရင် အပျင်းပြေ လမ်းလျှောက်နေသလို ဟန်မျိုးကို ကျွန်တော်တို့ မြင်ခဲ့ရတယ်။ ဒါက ပရီးမီးယားလိဂ်ဗျ။ ပွဲတွေထဲမှာ အားထုတ်ရမယ်၊ နိုင်အောင် လုပ်မှရတယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ ညံ့ချက်ကြီးကို မြင်ရတာက အံ့တောင်သြယူရတယ်ဗျာ။ ” လို့ ရက်ပ်နက် က ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီ သရေ ရလဒ်ကြောင့် ဘရန့်ဖို့ဒ်အသင်းဟာ တန်းဆင်းဇုန် အထက် ၅ မှတ်ပြတ် လွတ်ကင်းသွားပြီး ယူနိုက်တက်ကတော့ အဆင့် ၆ နေရာမှာ ဆက်ရှိနေကာ ၄ နေရာမှ အက်စတွန်ဗီလာနဲ့ ၁၁ မှတ် ပြတ်သွားပါတယ်။