လီဝန်ဒေါစကီးကို ချိတ်တဲ့ မန်ယူနဲ့ ချဲလ်ဆီး၊ ပစ်ဖို့ဒ်ကို စပါးပစ်မှတ်ထားခြင်းနဲ့ အပြောင်းအရွှေ့ သတင်းများ
ဂျူဗင်တပ်ကနေ ထွက်ခွာမယ့် ရမ်ဆေးကို နယူးကာဆယ်က စောင့်ကြည့်နေသလို ကွင်းလယ်လူ မက်ကန်နီအပေါ် စပါးနဲ့ အက်စ်တွန်ဗီလာတို့က အပြိုင်ကြိုးစားဖို့ ရှိနေပါတယ်။
အာဂျင်တီးနားနဲ့ အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားပြီးနောက် မက်ဆီဟာ လာမယ့် နိုင်ငံတကာ သီတင်းပတ်တွေမှာ ပီအက်စ်ဂျီအသင်းကို အာရုံစိုက်ဖို့ အာဂျင်တီးနားနဲ့ သဘောတူညီမှု ရယူခဲ့ပါတယ်။ မက်ဆီအနေနဲ့ ကလပ်မှာ ခြေစွမ်းပြသခြင်း မရှိသေးဘဲ ရုန်းကန်ရလျက်ရှိနေတာပါ။

မန်ယူနဲ့ ချဲလ်ဆီးတို့ဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကို အပြိုင်ကြိုးပမ်းလျက်ရှိနေကြကြောင်း Fichajes က ဖော်ပြထားပါတယ်။ ဘိုင်ယန်က လီဝန်ဒေါစကီးကို စာချုပ် သက်တမ်းတိုးနိုင်ခြင်း မရှိသေးသလို ကစားသမား ကလည်း ပရီးမီးယားလိဂ်မှာ ကစားချင်ကြောင်း ဖွင့်ဟထားခဲ့တာပါ။
ဘိုင်ယန်မြူးနစ်ဟာ ရူဒီဂါကို တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းနဲ့ ကမ်းလှမ်းဖို့ ဆန္ဒရှိနေတာနဲ့အတူ ၎င်းကို ထိန်းသိမ်းထားဖို့ ချဲလ်ဆီးရဲ့ မျှော်လင့်ချက်က ဝေဝါးလာခဲ့ရပါတယ်။
စပါးနည်းပြသစ်ကွန်တီက အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကို ခေါ်ယူလိုနေကြောင်း သိရပါတယ်။ ကွန်တီအနေနဲ့ ရာသီကုန်မှာ စာချုပ်ကုန်ဆုံးတော့မဲ့ ဂိုးသမား လိုရစ်ရဲ့ နေရာမှာ အစားထိုးဖို့ဂိုးသမားသစ်ရှာဖွေနေတာပါ။ ဒါပေမဲ့ အဲဗာတန်ကတော့ ပစ်ဖို့ဒ်ကို နည်းပါးတဲ့ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်သွားမှာ မဟုတ်ပါဘူး။
မန်ယူနည်းပြ အိုလီဂန်နာဆိုးရှားက သူဟာ မန်ချက်စတာ ကလပ် ရဲ့ ကံကြမ္မာတွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်နေတာနဲ့အတူ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

နယူးကာဆယ်ဟာ သူတို့ရဲ့ ကြွယ်ဝမှုကို ပြသမှုအနေနဲ့ ဇန်နဝါရီမှာ အသင်းကို အင်အားဖြည့်တင်းမှုတွေလုပ်ဖို့ ရည်ရွယ်ထားပြီး လာဇီယို ဂိုးသမား စထရာကိုရှာ၊ အင်တာမီလန်က စတီဖန် ဒီဗရစ်၊ မာဆယ်လို ဘရိုဇိုဗစ်တို့ကို ပစ်မှတ်ထားနေပါတယ်။
အာဂျင်တီးနား ခံစစ်သမား ရိုမဲရိုးဟာ သံသယရှိစရာ ပေါင်တံဒဏ်ရာ ရရှိခဲ့ပြီး ဒီနေ့ စပါးအသင်းနဲ့ လေ့ကျင့်ရေး ပြန်ဆင်းတဲ့အခါ စစ်ဆေးမှုလုပ်သွားမှာ ဖြစ်ပါတယ်။
ရိုးမားအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ် ကွင်းလယ်လူ ချာကာကို ပြန်လည်ကြိုးပမ်းသွားဖွယ် ရှိကြောင်း အီတလီသတင်းက ဖော်ပြထားပါတယ်။ ချာကာဟာ ပြီးခဲ့တဲ့ နွေရာသီက ရိုးမားကိုပြောင်းဖို့ နီးစပ်ခဲ့ပေမဲ့ အာတီတာရဲ့ စည်းရုံးမှုကြောင့် လန်ဒန်မှာ ဆက်ရှိနေခဲ့တာပါ။

လီဗာပူး ကွင်းလယ် ဂျော်ဒန်ဟန်ဒါဆန်ဟာ မနေ့က အသင်းနဲ့ လေ့ကျင့်ရေးကို ပူးပေါင်းခဲ့ပြီးနောက် စနေနေ့ အာဆင်နယ်နဲ့ ပွဲအတွက် ပါဝင်လာနိုင်ဖို့ မျှော်လင့်ရပါတယ်။
ဘာစီလိုနာဟာ မန်စီးတီး တိုက်စစ်သမား ရာဟင်း စတာလင်ကို ခေါ်ယူရေး အတွက် အသုံးစရိတ်ရရှိဖို့ ဇန်နဝါရီမှာ ကစားသမား ရောင်းချမှုတွေလုပ်ဖို့ စီစဉ်နေပါတယ်။