လီဗာပူးတို့ မျက်ခုံးလှုပ်အောင် မှန်းပေးထားတဲ့ မိုက်ကယ်အိုဝင်ရဲ့ လီဗာပူး – အာဆင်နယ်ပွဲ သုံးသပ်ခန့်မှန်း
လီဗာပူးအသင်းဟာ နိုင်ငံပွဲတွေ အပြီးမှာတော့ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ပြီ ဖြစ်ပါတယ်။ လီဗာပူးနဲ့ အာဆင်နယ်အသင်းတို့ဟာ ဒီ စနေနေ့ ည ၁၂ နာရီ အန်းဖီးကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
လီဗာပူးနဲ့ မန်ယူ တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်ကတော့ ဒီပွဲအတွက် သုံးသပ်ခန့်မှန်းလိုက်ပြီ ဖြစ်ပါတယ်။ အိုဝင် မှန်းရင် ပြောင်းပြန်ယူနေကျ ပရိသတ်တွေ အတွက်တော့ ဒီခန့်မှန်း က လီဗာပူး ပရိသတ်တွေ မျက်ခုံး လှုပ်စရာပါ။
အိုဝင်က – ” လီဗာပူးဟာ ဘရိုက်တန်ကို သရေကျခဲ့ပြီးနောက် ဝက်ဟမ်းကို ရှုံးနိမ့်ခဲ့တာကြောင့် ယာဂန်ကလော့ဟာ မပျော်မရွှင် ဖြစ်နေပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ ကတည်းက ခံစစ်ပိုင်း ပြသနာကို ရင်ဆိုင်နေရပြီး ဒါကို ဖြေရှင်းသွားဖို့ လိုအပ်ပါတယ်။
အာဆင်နယ် ကတော့ ၃ ပွဲဆက် အနိုင်ရထားခဲ့ပြီး ဒီကာလအတွင်းမှာ ပေးဂိုး ၁ ဂိုးသာ ရှိထားခဲ့ပါတယ်။ အာဆင်နယ် တို့ ဘယ်အဆင့်ကို ရောက်နေပြီလဲ ဆိုတာကို ဒီပွဲက အဓိက ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။
ကျွန်တော် ကတော့ လီဗာပူးတို့ အန်ဖီးမှာ နိုင်ပွဲလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိသွားမယ်လို့ ထင်မိပါတယ်။ အာဆင်နယ်တို့ လီဗာပူး ဘက်ကို ဂိုးတော့ ပြန်သွင်းနိုင်မှာပါ။ ဒါပေမယ့် ကျွန်တော် သူတို့ရဲ့ ခံစစ်ကို မယုံကြည်ပါဘူး။ လီဗာပူး ၃-၁ ပါပဲ။ ” လို့ သုံးသပ်ခန့်မှန်းထားတာ ဖြစ်ပါတယ်။

ZG
လီဗာပူးအသင္းဟာ ႏုိင္ငံပြဲေတြ အျပီးမွာေတာ့ ပရီးမီးယားလိဂ္မွာ အာဆင္နယ္နဲ႕ ထိပ္တိုက္ေတြ႔ျပီ ျဖစ္ပါတယ္။ လီဗာပူးနဲ႕ အာဆင္နယ္အသင္းတို႔ဟာ ဒီ စေနေန႔ ည ၁၂ နာရီ အန္းဖီးကြင္းမွာ ယွဥ္ျပိဳင္ ကစားၾကမွာ ျဖစ္ပါတယ္။
လီဗာပူးနဲ႕ မန္ယူ တိုက္စစ္မႈးေဟာင္း မိုက္ကယ္အိုဝင္ကေတာ့ ဒီပြဲအတြက္ သံုးသပ္ခန္႔မွန္းလိုက္ျပီ ျဖစ္ပါတယ္။ အိုဝင္ မွန္းရင္ ေျပာင္းျပန္ယူေနက် ပရိသတ္ေတြ အတြက္ေတာ့ ဒီခန္႔မွန္း က လီဗာပူး ပရိသတ္ေတြ မ်က္ခံုး လႈပ္စရာပါ။
အိုဝင္က – ” လီဗာပူးဟာ ဘ႐ိုက္တန္ကို သေရက်ခဲ့ၿပီးေနာက္ ၀က္ဟမ္းကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ယာဂန္ကေလာ့ဟာ မေပ်ာ္မ႐ႊင္ ျဖစ္ေနပါတယ္။ လီဗာပူးဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြ ကတည္းက ခံစစ္ပိုင္း ျပသနာကို ရင္ဆိုင္ေနရၿပီး ဒါကို ေျဖရွင္းသြားဖို႔ လိုအပ္ပါတယ္။
အာဆင္နယ္ ကေတာ့ ၃ ပြဲဆက္ အႏိုင္ရထားခဲ့ၿပီး ဒီကာလအတြင္းမွာ ေပးဂိုး ၁ ဂိုးသာ ရွိထားခဲ့ပါတယ္။ အာဆင္နယ္ တို႔ ဘယ္အဆင့္ကို ေရာက္ေနၿပီလဲ ဆိုတာကို ဒီပြဲက အဓိက ဆုံးျဖတ္ေပးသြားမွာ ျဖစ္ပါတယ္။
ကြၽန္ေတာ္ ကေတာ့ လီဗာပူးတို႔ အန္ဖီးမွာ ႏိုင္ပြဲလမ္းေၾကာင္းေပၚ ျပန္လည္ ေရာက္ရွိသြားမယ္လို႔ ထင္မိပါတယ္။ အာဆင္နယ္တို႔ လီဗာပူး ဘက္ကို ဂိုးေတာ့ ျပန္သြင္းႏိုင္မွာပါ။ ဒါေပမယ့္ ကြၽန္ေတာ္ သူတို႔ရဲ႕ ခံစစ္ကို မယုံၾကည္ပါဘူး။ လီဗာပူး ၃-၁ ပါပဲ။ ” လို႔ သံုးသပ္ခန္႔မွန္းထားတာ ျဖစ္ပါတယ္။