မာရှယ် အပါအဝင် မန်ယူ ကြယ်ပွင့် ၃ ဦးကို အငှားချ ငွေဖော်ဖို့ ခုတည်းက ဆွေးနွေးစီစဉ်နေတဲ့ ရက်ကလစ်ဖ်
ဆာဂျမ်ရက်ကလစ်ဖ်ဟာ FFP ဘဏ္ဍာရေး စည်းမျဉ်းနဲ့ ငြိမှာ စိုးရိမ်နေရမှုကြောင့် မန်ချက်စတာ ယူနိုက်တက် ကစားသမား ၃ ဦးအား အခြားကလပ်သို့ အငှားချထားရန် စီစဉ်နေပါတယ်။
ယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းက အသုံးပြုမှု ကန့်သတ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်း၊ ဘဏ္ဍာရေးမျှတစွာ သုံးစွဲရေး ဥပဒေတို့နှင့် ပတ်သက်ပြီး ချက်ချင်းအန္တရာယ်ရှိနိုင်တဲ့ အနေအထားမျိုးမှာတော့ မရှိပါဘူး။

ဒါပေမဲ့ ယူနိုက်တက်ဟာ လာမယ့် နွေရာသီတွင် ကစားသမားသစ်အချို့ ခေါ်ယူရန် လိုအပ်နေမှုနှင့်အတူ အသင်းရှိ ကစားသမားအချို့ကို ရောင်းချရန် လိုအပ်နေပါတယ်။
တဖက်မှာ ယူနိုက်တက်ဟာ ခြေစွမ်းပြနိုင်ခြင်း မရှိတဲ့ ကစားသမားများကို ရောင်းချရန် ခက်ခဲတဲ့ အနေအထားမျိုးတွင် ရှိနေရာ ကလပ်ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်ပိုင်ဆိုင်တဲ့ ပြင်သစ်ကလပ် နိုက်စ်သို့ အငှားချရန် စီစဉ်နေရပါတယ်။
ဆာဂျမ်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူပြီးနောက် ကလပ်ရဲ့ ဘောလုံးရေးရာကိစ္စများကို ထိန်းချုပ်လုပ်ဆောင်လာသူ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ခရစ္စတီယန် အဲရစ်ဆင်၊ ဒွန်နီဗန်ဒီဘိခ်၊ အန်တိုနီမာရှယ်တို့အား နိုက်စ်သို့ အငှားချရန် ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။
ယင်းကစားသမား ၃ ဦးလုံးတို့ဟာ ယူနိုက်တက်တွင် ပုံမှန်နေရာရရှိရန် ရုန်းကန်နေရသူများ ဖြစ်ပြီး အဲရစ်ဆင်မှာ ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲ ၉ ပွဲတည်းသာ ပွဲထွက်ခွင့်ရထားသလို ဗန်ဒီဘိခ်မှာလည်း ဖရန့်ဖတ်သို့ အငှားချထားခြင်းခံရပါတယ်။
ဂျာမန်ကလပ်ဟာ ဗန်ဒီဘိခ်ကို ပေါင် ၁၂.၅ သန်းဖြင့် အပြီးသတ်ခေါ်ယူရန် စီစဉ်ထားပေမဲ့လည်း ခြေစွမ်းပြနိုင်ခြင်း မရှိမှုနှင့်အတူ အပြီးသတ်ခေါ်ယူလာဖို့တော့ မရှိပါဘူး။
အလယ်တန်းကစားသမား ၂ ဦးတို့ရဲ့ စာချုပ်မှာ ၂၀၂၅ ခုနှစ်တွင်မှ ကုန်ဆုံးမှာ ဖြစ်ရာ ယူနိုက်တက်အနေဖြင့် အပြီးသတ် ရောင်းချလိုနေပါတယ်။ မာရှယ်မှာလည်း ယခုရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ပြောင်းရွှေ့ကြေး တစုံတရာ ရရှိလာမှာ မဟုတ်ပါဘူး။
တဖက်တွင် ယူနိုက်တက်ဟာ နိုက်စ်အသင်းမှ ဂျိန်းစ်ကလဲယားတိုဒီဘို၊ မယ်ဗန်ဘတ်နှင့် ခီဖန်းသူရမ်တို့ကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။