အိုးထရက်ဖို့ဒ်မှာ လီဗာပူး အနိုင်ရသင့်တယ် ဆိုလာတဲ့ ကလော့ပ်၊ အမှတ်တော့ ပိုရသွားခဲ့ပါတယ် ဆိုတဲ့ ထူးခြားမှတ်ချက်
မနေ့ညက အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးပွဲကတော့ ၂-၂ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီပွဲ မတိုင်ခင် မန်ယူ ဘယ်နှဂိုး ရှုံးမလဲ ကြိုပြောနေကြတဲ့ သူတွေကတော့ လုံးဝ နှုတ်ပိတ်သွားခဲ့ရပါပြီ။
လီဗာပူးအသင်းဟာ ပထမပိုင်းမှတော့ာ ယူနိုက်တက်ကို ဂိုးပေါက် ခြိမ်းခြောက်မှု လုံးဝ မရှိအောင် ထိန်းချုပ်နိုင်ခဲ့ကာ ဒီယက်ဇ်ရဲ့ သွင်းဂိုးနဲ့အတူ ၁-၀ ဖြင့် ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် ဒုတိယဂိုး ထပ်ရအောင် မသွင်းနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်ဘက်က ခြေပဂိုးအပြင် ဦးဆောင်ဂိုးပါ သွင်းယူကာ လီဗာပူးကို ဖိအားတွေအောက် ပို့ခဲ့ပါတယ်။ ပင်နယ်တီကနေ ဆာလာ သွင်းယူခဲ့တာကြောင့် လီဗာပူးတို့ သရေရလဒ် ပြန်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူး နည်းပြ ယာဂင်ကလော့ပ်ကတော့ သူ့အသင်းက ဒီပွဲမှာ အနိုင်ရသင့်ကြောင်း ပွဲ အပြီးမှာ အခုလို မကျေမချမ်း ပြောဆိုနေပါတယ်။
“ကျွန်တော်တို့ ဒီပွဲကို အနိုင်ရသင့်ပါတယ်။ ပထမပိုင်းမှာ နောက်ထက်ဂိုးတွေ ထပ်ရသင့်တယ်။ နောက်တော့ ကျွန်တော်တို့ အမှားလုပ်မိခဲ့တယ်။ အဲဒီအမှားကနေ ဘရူနိုရဲ့ တကယ်ကောင်းတဲ့ ဂိုးတဂိုး ပေးလိုက်ရတယ်။ ပြန်အထိုင်ကျဖို့ ကြိုးစားချိန်မှာ သူတို့ဘက်က နောက်တစ်ဂိုးထပ်သွင်းသွားတယ်”
“ဒါပေမယ့် သူတို့ ဂိုးမသွင်းခင်နဲ့ ဂိုးသွင်းအပြီးမှာ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးရခဲ့ပြီး နှစ်ကြိမ်ပဲ အသုံးပြုနိုင်ခဲ့ပါတယ်။
“လူတွေက နှစ်မှတ် ရှုံးတယ်လို့ မြင်ကြပေမယ့် ကျွန်တော်မြင်သလောက်တော့ ကျွန်တော်တို့က အခု ပွဲမစခင်က ထက် ရမှတ် (သရေကရတဲ့ တစ်မှတ်) ပိုခဲ့ပါတယ်..”
“မန်ချက်စတာယူနိုက်တက်နဲ့ အဝေးကွင်းပွဲတစ်ပွဲ ကစားရတာပါ။ ကျွန်တော်တို့အတွက် ဒီအဝေးကွင်းပွဲက တခြားအသင်းတွေနဲ့ အဝေးကွင်း ကစားတာထက် ပိုထူးခြားတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်ကစားကြရာမှာ မန်ယူနိုက်တက်ဘက်က အပိုတစ်ယောက် ပါသလိုမျိုး ကစားခဲ့ရတာပါ” လို့ လီဗာပူး နည်းပြ ကလော့ပ်က စကိုင်းစပို့စ်နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။