စိတ်ဓာတ်ပျော့လွန်းနေတဲ့ မေဆန်မောင့် ကို ဘယ်လို ကုစားရမလဲ အကြံပေးလိုက်တဲ့ ပီတစ်

၂၀၂၃ နွေရာသီမှာ ချဲလ်ဆီးကနေ ယူနိုက်တက်သို့ ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန်ကွင်းလယ် ကစားသမားဟာ သူ့ရဲ့ပထမဆုံးရာသီမှာ ဒဏ်ရာတွေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပေါ် ဝေဖန်မှုတွေကြောင့် စောင့်ကြည့်ခြင်းနေရပါတယ်။

အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ စတန်းဖို့ဒ်ဘရစ်ချ်တွင် အသင်းဟောင်း ချဲလ်ဆီးအား ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲရဲ့ ဒုတိယပိုင်းတွင် လူစားဝင်ရောက်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီး ကွင်းလယ်ကစားသမားဟောင်း ပီတစ် ကတော့ မောင့်အား မှန်ကြည့်ဖို့အတွက် တိုက်တွန်းခဲ့ပြီး ဒါမှသာ အရင်ကနေ ခြေစွမ်းတွေပြန်ရနိုင်မယ်လို့ ပြောကြားလိုက်ပါတယ်။

ပီတစ် က “မောင့်ကို အော်ဟစ်လှောင်ပြောင်ခဲ့ကြတဲ့ ချဲလ်ဆီး ပရိသတ်တွေ အတွက် ရှက်စရာပါ။ ဒါပေမယ့် ကွင်းထဲမှာ အခြေအနေတွေ အဆင်မပြေတဲ့အခါ ကလပ်က ထွက်သွားချင်ရုံနဲ့ မရပါဘူး။ အဲဒီ့ထက် စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုပါတယ်”

“အခုအချိန်မှာ သူဟာ ကမ္ဘာ့အကြီးဆုံးကလပ်တွေထဲက တစ်ခုဖြစ်တဲ့ ယူနိုက်တက်မှာ ကစားနေပြီး သူတို့အတွက် သင်လက်မှတ်ထိုးပြီးချိန်မှာ သင်ဘာတွေ ရေးထိုးထားလဲဆိုတာ သူသိပါတယ်”

“သူဟာ ကာလရှည် ဒဏ်ရာကနေ ပြန်လာကောင်းလာပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားနှင့် အမြင့်ဆုံး အဆင့်က အားကစားသမား တစ်ယောက် အနေနဲ့ စိတ်ဓာတ်ပိုင်း တိုးတက်လာဖို့ လိုပါတယ်။ သူ ဒဏ်ရာ မရခင်မှာ ဥဥခွံပေါ်မှာ လမ်းလျှောက်သလိုမျိုး ကစားခဲ့တာပါ၊ စိတ်ဓာတ်ပိုင်း အားနည်းလွန်းတယ်”

“ချဲလ်ဆီးကနေ ရောက်လာတုန်းက သူက စိတ်ဓာတ်ကြံ့ခိုင်ပုံမပေါ်ဘူး။ မနက်အိပ်ရာကထ၊ Lamborghini မောင်း ပြီးတော့ မှန်ကြည့်ဖို့လိုပါတယ်။ ” လို့ ပြောပါတယ်။

မောင့်ဟာ ယခုရာသီတွင် လိဂ်ပွဲ ၁၁ ပွဲသာ ကစားထားရပြီး ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် တန်ဟက်ရဲ့ လူစားဝင်ကစားသမားအဖြစ် အသုံးပြုခြင်းကိုသာ ခံနေရတာဖြစ်ပါတယ်။