ရာသီကုန်ရင် ရာထူးက ဖြုတ်ခံရမှာ စိုးလို့ နည်းပြ တန်ဟက် ခုတည်းက နှုတ်ထွက်သွားမှာကို ပြန်စိုးရိမ်နေကြရပါပြီ
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်မှာ ရာသီအကုန်တွင် ထုတ်ပယ်ခံရနိုင်မှုကို ရှောင်လွဲနိုင်ရန်အတွက် ယခုပင် နုတ်ထွက်လာမည်ကို ယူနိုက်တက်စတားများက စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်းတွင် အဲရစ်တန်ဟက်ရဲ့ အမူအယာ ပြောင်းလဲလာတာ တွေ့မြင်နေရပါတယ်။

အဲရစ်တန်ဟက်ဟာ ပူးတွဲပိုင်ရှင်သစ် ဆာဂျမ်ရက်ကလစ်ဖ်မှာ ချဲလ်ဆီးနည်းပြဟောင်းဂရေဟမ်ပေါ်တာနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လာပြီးနောက် အမူအကျင့်ပြောင်းလဲလာတာလည်း ဖြစ်ပါတယ်။
အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ စနေနေ့မှာ ဘုန်းမောက်ကို အဝေးကွင်းသို့ သွားရောက်ရင်ဆိုင်ရပါမယ်။ ၎င်းတို့ဟာ နောက်ဆုံး ၆ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရရှိထားပြီး အဆင့် ၄ နေရာမှ စပါးစ်နှင့် ရမှတ် ၁၁ မှတ်ကွာဟနေပါတယ်။
၎င်းတို့ဟာ ဘရန့်ဖို့ဒ်ကို နောက်ကျဂိုးကြောင့် ၁ ဂိုးစီသရေကျခဲ့သလို နောက်ကျဂိုး ၂ ဂိုးကြောင့်ပင် ချဲလ်ဆီးကို ၄-၃ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ကစားသမားများဟာ နောက်ပိုင်းတွင် အဲရစ်တန်ဟက်မှာ ရာသီအကုန်အထိ ထုတ်ပယ်ခံရနိုင်တဲ့ အတွေးကြောင့် အမူအကျင့် ပြောင်းလဲလာတာ သတိထားမိနေကြပါတယ်။
သောကြာနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာတော့ အဲရစ်တန်ဟက်က ၎င်းမှာ လာမယ့် ရာသီတွင် ယူနိုက်တက်နည်းပြအဖြစ် ဆက်ရှိနေရန် အပြည့်အဝ ယုံကြည်ကြောင်း ပြောကြားထားပါတယ်။
ဒါပေမဲ့ တဖက်မှာ ဂရေဟမ်ပေါ်တာမှာ ယူနိုက်တက်နည်းပြရာထူးအတွက် ဆာဂျမ်ရက်ကလစ်ဖ်နှင့် ဆွေးနွေးထားပြီး ဖြစ်နေပါတယ်။
ဘရိုက်တန်နှင့် ချဲလ်ဆီးနည်းပြဟောင်းဟာ ယူနိုက်တက်နည်းပြရာထူးအား စောင့်ဆိုင်းရန်အတွက် အေဂျက်စ်အပါအဝင် ဥရောပတလွှားမှ ကမ်းလှမ်းမှုများကို ပယ်ချထားပါတယ်။