ယူနိုက်တက် နည်းပြ တန်ဟက် အဆိုကို သဘောမတူဘဲ အသင်းက စွန့်စားမှုတွေ သိပ်များတယ် ဆိုတဲ့ ဒါလော့ထ် ပြောစကား

ပြီးခဲ့တဲ့ စနေနေ့တုန်းက ယူနိုက်တက်ဟာ ဘုန်းမောက်ကိုနောက်ကနေလိုက်ကစားပြီး ၂-၂ သရေ ကျပြီးနောက် နည်းပြ တန်ဟက်ရဲ့ ပြောဆိုချက်တွေကို ယူနိုက်တက် နောက်ခံလူ ဒါလော့ထ် က ပြန်လည် ငြင်းဆန်သွားခဲ့ပါတယ်။

အိမ်ရှင်အသင်းက ဂိုးပေါက်ကန်ချက် ၂၀ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ခံစစ်ပိုင်း ဒီရာသီအဆိုးဝါးဆုံးအဖြစ် မှတ်တမ်းဝင်နေပါတယ်။

နောက်ခံလူ ဒါလော့တ်က ခံစစ်ကအရမ်းပွင့်နေတယ်ဆိုတာကို ထောက်ပြခဲ့ပြီး တန်ဟက်ရဲ့ပြောကြားချက်ကို သဘောမတူခဲ့တာဖြစ်ပါတယ်။

နယ်သာလန်သားနည်းပြက သူ့အနေနဲ့ ဂိုးတွေနဲ့ အခွင့်အရေးတွေပေးနေရတာကို မစိုးရိမ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒါလော့ထ် ကတော့ “အဲ့ဒါက အချက်အလက်တွေလို့ ထင်ပါတယ်။ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရမှာပါ။ ကျွန်တော်တို့ စွန့်စားမှုအများကြီးလုပ်တာဖြစ်နိုင်ပါတယ်။ တစ်ချို့အချိန်တွေမှာ ခံစစ် နဲ့ ကွင်းလယ်ကြားမှာ နေရာလွတ်က ကြီးမားနေတတ်ပါတယ်။

အဲ့တာက ကျွန်တော်တို့တန်ပြန်တိုက်စစ်မှာ ခံစားနေရတာဖြစ်ပြီး ကန်ချက်တွေအများကြီးခွင့်ပြုနေတာပါ။ ဒါပေမယ့် အားလုံးခြုံကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ အဲ့တာတွေကနေ သင်ခန်းစာယူပြီး ပိုကောင်းအောင် လုပ်ဆောင်နေပါတယ်။
ကျွန်တော် စိတ်ပျက်မိပါတယ်။ ကျွန်တော် ဒီကိုလာပြီး ၃ မှတ်ပြည့်ယူချင်ခဲ့တာပါ။

၂ ဂိုးပေးလိုက်ရပေမယ့် ကျွန်တော်တို့မှာ တိုက်ပွဲဝင်စိတ်ဓာတ်ရှိနေဆဲပါ။ အခြေအနေတွေကို မထိန်းချုပ်နိုင်ခဲ့တာဖြစ်သလို ကျွန်တော်တို့ စီစဉ်ထားသလိုဖြစ်မလာခဲ့ပါဘူး။

ဆိုလိုတာက ကျွန်တော်တို့ ထိန်းချုပ်မှုအနည်းငယ်လွတ်သွားခဲ့သလို ပထမပိုင်းမှာတင် ၂ ဂိုးပေးလိုက်ရပါတယ်။ အဲ့တာမျိုးကို ကျွန်တော်တို့ ရှောင်ကျဉ်သင့်ပါတယ်။

ဒါပေမယ့် အားလုံးခြုံကြည့်ရင် ကျွန်တော်တို့ ရလဒ်အတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ အဲ့တာက အပေါင်းလက္ခဏာဆောင်ပါတယ်”လို့ ဒါလော့တ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ၅ သင်းမြောက် ခံစစ်အကောင်းဆုံးအသင်းဖြစ်ပြီး ၃၂ ပွဲမှာ ၄၈ ဂိုးသာပေးထားခဲ့ရကာ အဆိုပါအရေအတွက်က တန်းဆင်းဇုန်က လူတန်တောင်း ၊ ရှက်ဖီးလ်တို့နဲ့ညီမျှနေပါတယ်။

ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ အက်ဖ်အေဖလားပွဲစဉ်အဖြစ် ကိုဗင်ထရီနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ဒီရာသီတစ်လုံးတည်းသောဆုဖလားအဖြစ် အက်ဖ်အေဖလားသာကျန်တော့တာဖြစ်ပါတယ်။