အာဆင်နယ် နည်းပြအဖွဲ့ထဲ ဝင်ကာ အာတီတာနဲ့ သွား ပူးပေါင်းတော့မယ့် မန်ယူ ကြယ်ပွင့်ဟောင်းကြီး
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကြယ်ပွင့်ဟောင်း တစ်ဦးဟာ အာဆင်နယ် အသင်း နည်းပြအဖွဲ့ထဲ ပူးပေါင်း ပါဝင်သွားဖို့ ရှိကြောင်း သတင်း ထွက်လာပါတယ်။
မန်ယူ နောက်ခံလူဟောင်းကြီး ဂါဘရီရယ် ဟိန့်ဇီဟာ အာဆင်နယ်အသင်း နည်းပြ အဖွဲ့ထဲ ပါဖို့ ဆွေးနွေးမှုတွေ လုပ်ထားပါပြီ။

ဒီအပတ် လန်ဒန်မှာ ဟိန့်ဇီနဲ့ အာတီတာတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ကာ အာဂျင်တီးနားသားကြီးဟာ အာတီတာရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦးအဖြစ် အလုပ်လုပ်ဖို့ သဘောတူဖို့ များနေပါပြီ။
ယူနိုက်တက်အတွက် ၃ ရာသီ ကစားခဲ့ဖူးတဲ့ အသက် ၄၅ နှစ်အရွယ် နည်းပြဟာ ၂၀၀၇ မှာတော့ မန်ချက်စတာကနေ ရီးရဲလ်မက်ဒရစ်ထံ ပေါင် ၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
ဒီလထဲ ယှဉ်ပြိုင်ကစားတဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ရဲ့ လူငယ်အဆင့်ပွဲမှာ အာတီတာနဲ့အတူ ဟိန့်ဇီ တက်ရောက်ပြီး ဘောလုံးပွဲ အတူကြည့်ခဲ့တဲ့ ပုံရိပ်လည်း ထွက်ပေါ်လာဖူးပါတယ်။
ဟိန့်ဇီဟာ ဒီရာသီမှာ အာဆင်နယ်ထံ တိုက်ရိုက် ဝင်ရောက်လာတာမျိုးထက် နွေရာသီကြိုမှ အတူ ပူးပေါင်းမယ်လို့ နားလည်ရပြီး အာဆင်နယ် စီနီယာအသင်းရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦး ဖြစ်လာဖွယ် ရှိနေပါတယ်။