အန်တိုနီကြောင့် အက်ဖ်အေ ဗိုလ်လုပွဲမှာ မန်ယူက မန်စီးတီးကို ဂိုးပြတ် ရှုံးပါစေ လို့ ဆုတောင်းလိုက်တဲ့ နယ်သာလန်သားကြီး
ပြီးခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ မှာ မန်ချက်စတာ ယူနိုက်တက် တောင်ပံ တိုက်စစ်သမား အန်တိုနီရဲ့ စိတ်ပျက်စရာ အပြုအမူကို မြင်လိုက်ရတဲ့ ရှနိုက်ဒါကတော့ ဖိုင်နယ်မှာ ယူနိုက်တက်တို့ ဂိုးပြတ် ရှုံးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ချန်ပီယံရှစ်ကလပ် ကွန်အဗန်ထရီ သင်းကို အသည်းအသန် ကစားခဲ့ရပြီး ယူနိုက်တက် တို့ ပင်နယ်တီနဲ့ အနိုင်ရချိန်မှာ ပြိုင်ဘက် အသင်းကို လှောင်ပြောင်ခဲ့တဲ့ အန်တိုနီ အပြုအမူ က အတော် ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။

အင်တာမီလန်နဲ့ အေဂျက် ကစားသမားဟောင်း ဖြစ်တဲ့ ရှနိုက်ဒါက အန်တိုနီ ရဲ့ လုပ်ရပ် အပေါ် အတော်လေး တင်းနေခဲ့ဟန် တူပါတယ်။
နယ်သာလန်တိုက်စစ်သမားဟောင်းက “ သူလုပ်ခဲ့တဲ့ အပြုအမှုအတွက် အန်တိုနီ အရှက်ရနေသင့်ပါတယ်။ သူက အောင်ပွဲခံတာတွေ လုပ်နေဖို့ထက် ကွင်းထဲကနေ ဥမင်ထဲ ချက်ခြင်း ဝင်သွားခဲ့သင့်တာပါ။
အက်ဖ်အေဖလား ဖိုင်နယ်ပွဲကျရင် မန်ချက်စတာ ယူနိုက်တက်တို့ ၅-၀ နဲ့ ရှုံးဖို့ကို မျှော်လင့်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းနဲ့ တွေ့နေပြီး ခက်ခဲ့တဲ့ စိန်ခေါ်မှု ရင်ဆိုင်ရဦးမှာပါ။