နာမည်ကြီး ဂုရု ပေါလ်မာဆွန် ရဲ့ ပရီးမီးယားလိဂ် သုံးသပ်ခန့်မှန်းချက်တွေ လာပါပြီ
ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် နာမည်ကျော် ဂန်းနားဟောင်းကြီး ပေါလ်မာဆွန် ရဲ့ ခန့်မှန်းသုံးသပ်ချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။
၁ ။ လက်စတာ – ချဲလ်ဆီး
လက်စတာ က အခုချိန်မှာ ခြေစွမ်းပိုင်း မတည်မငြိမ် ဖြစ်နေတဲ့ အချိန်ပါ။ အသင်းထဲမှာလည်း နည်းပြ ရော်ဂျာ နဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ရာထူး အကြောင်းတွေက ပြောဖြစ်နေကြ ဦးမှာပါပဲ။ အာဆင်နယ် နဲ့ပွဲက အရှုံးကို လက်စတာ တို့ ပြန်ချေပဖို့ လိုပါတယ် ၊ ဒါပေမယ့် ဒီလို ချေပဖို့ အတွက် ချဲလ်ဆီးက အကောင်းဆုံး အသင်း မဟုတ်နေတာ ကတော့ အသေအချာပါပဲ။
ကျွန်တော် က တော့ ဒီပွဲကို ချဲလ်ဆီး နိုင်မယ်လို့ ထင်ပါတယ် ။ ဘန်လေ နဲ့ တုန်းက အမှားလိုမျိုးကို ထပ်ပြီး မလုပ်မိဘူး ဆိုရင်ပေါ့။
မာဆွန် ရဲ့ ခန့်မှန်းချက် – လက်စတာ ၁ – ၂ ချဲလ်ဆီး

၂ ။ ဝက်ဖိုဒ့် – မန်ချက်စတာ ယူနိုက်တက်
အိုလေဂန်နာ ဆိုးရှား အတွက် ပြဿနာတွေ ကို ဖြေရှင်းဖို့ အကောင်းဆုံး ပွဲပါပဲ။ ဒါပြီးရင် ခက်ခဲ ကြပ်တည်းတဲ့ ပွဲတွေ ပြန်ရောက် လာမှာ ဖြစ်လို့ ဒီပွဲမှ ရလဒ် မကောင်းဘူး ဆိုရင်တော့ ဆိုးရှား နဲ့ ယူနိုက်တက် အတွက် ပိုပြီး ဆိုးရွားတဲ့ အနေအထားကို ရင်ဆိုင် ကြရမှာပါ။
ယူနိုက်တက် ဟာ လီဗာပူး နဲ့ မန်စီးတီး ပွဲတွေမှာ တော်တော်လေး ဆိုးရွား ခဲ့ကြပါတယ် ၊ ဒါပေမယ့် ကြားထဲမှာ သူတို့ စပါးကို အနိုင် ကစားခဲ့ ပါတယ်။ အခုလည်း သူတို့ ဝက်ဖိုဒ့် ကို နိုင်ဦးမှာပါ။ ဒါပေမယ့် ဗီလာရီးရဲ ကိုရော နိုင် နိုင်ပါ့မလား ၊ ကျွန်တော် တော့ မထင်ပါဘူး။ စပိန်မြေက သရေ ၁ မှတ်ဟာ သူတို့ကို အုပ်စုကနေ တက်ဖို့ အထောက်အကူ ဖြစ်စေမှာပါ။ ဒါပေမယ့် ချန်ပီယံလိဂ် မှာ ဗိုလ်စွဲဖို့ ဒါက လက်ရှိအနေအထားအရ ဖြစ်နိုင်တဲ့ ကိစ္စ ပါပဲ။
မာဆင် ရဲ့ ခန့်မှန်းချက် ဝက်ဖိုဒ့် ၁ – ၃ မန်ယူနိုက်တက်

၃ ။ မန်ချက်စတာ စီးတီး – အဲဗာတန်
အဲဗာတန် က လက်ရှိမှာ ပုံစံပျက်ပြီး ရုန်းကန် နေရပါတယ်။ ဒါကြောင့် ဒီပွဲမှာ မန်စီးတီး နိုင်ဖို့က လွဲပြီး ကျန်တာကို ကျွန်တော် မမြင်မိ ပါဘူး။ ဂိုးတော့ အများကြီး မသွင်းလောက်ဘူးလို့ ထင်မိတာပဲ။ စီးတီး က ချန်ပီယံလိဂ် ကို အခြားအရာတွေထက် ပိုပြီး လိုချင်ပါတယ်၊ နောက်ပိုင်းမှာ ဥရောပ ကို အာရုံ ပိုစိုက် နိုင်ဖို့ ဒီလို ပွဲမျိုးကို အနိုင် ကစားမှာပါ။
ပေါလ် မာဆွန် ကတော့ မန်စီးတီး ၃ – ၀ အဲဗာတန်

၄ ။ လီဗာပူး – အာဆင်နယ်
ဒီတပတ် ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ပွဲ ဖြစ်သလို ၂ သင်းစလုံး အတွက်လည်း အရေးပါတဲ့ ပွဲ ဖြစ်ပါတယ်။ အမှတ်ပေး ချန်ပီယံဆုကို မျှော်လင့်ထားတဲ့ လီဗာပူး အနေနဲ့ ဝက်စ်ဟမ်း နဲ့ပွဲက အရှုံးကနေ ပြန်လည် နိုးထဖို့ လိုအပ် သလို အာဆင်နယ် ကလည်း အရင်လို အသင်းကြီး တသင်း ပြန်ဖြစ်လာပြီ ဆိုတာကို ပြသဖို့ အတွက် ဒီပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ် နေပါတယ်။
အာဆင်နယ် သာ ရာသီအစ ကတည်းက အခု ကစားနေတဲ့ လူစာရင်းအတိုင်း ကစားခဲ့မယ် ဆိုရင် သူတို့ ထိပ်ဆုံး လေးသင်းထဲကို ရောက်နိုင်မှာပါ။ အာဆင်နယ် ကတော့ သရေ ဆိုရင် ပျော်ရွှင် မှာပါ။ လီဗာပူး ကတော့ ဒီရလဒ် ကို ကျေနပ်မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် လက်ရှိ အာဆင်နယ် ရဲ့ အနေအထား အတက်ဘက် ရောက်နေတဲ့ စိတ်ဓါတ် တွေနဲ့ ဆိုရင် အန်ဖီးလ် မှာ လီဗာပူး ဆီက အမှတ် ခွဲယူနိုင်ချေ ရှိပါတယ်။
မာဆွန် ကတော့ လီဗာပူး ၁ – ၁ အာဆင်နယ်

၅ ။ တော့တင်ဟမ် ဟော့စပါး ၂ – ၀ လိဒ်ယူနိုက်တက်
၆ ။ အက်စတွန်ဗီလာ ၁ – ၁ ဘရိုက်တန်
၇ ။ နယူးကာဆယ် ၁ – ၀ ဘရန့်ဖိုဒ့်
၈ ။ ဘန်လေ ၁ – ၂ ခရစ္စတယ် ပဲလေ့စ်
၉ ။ ဝုဗ် ၁ – ၂ ဝက်စ်ဟမ်း
၁၀ ။ နော်ဝှစ်ချ် စီးတီး ၂ – ၀ ဆောက်သမ်တန်