စနေည ကန်မယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ဘန်လေ ပွဲ ဘယ်လို ရလဒ်ထွက်မလဲ ပေါမာဆန်ရဲ့ ဟောကိန်းထုတ်ချက်

ဒီတပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက် က ဘန်လေ အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ပွဲကစားမယ့် အချိန် ကတော့ မနက်ဖြန် စနေနေ့ည ၈ နာရီခွဲ အချိန်မှာ ပါ။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန် က မန်ချက်စတာ ယူနိုက်တက်နဲ့ ဘန်လေ ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက် ပွဲတွေ ခန့်မှန်းရတာ ကျွန်တော် သိပ်မကြိုက်ပါဘူး၊ သူတို့က ထင်ရာလုပ်တဲ့သူတွေချည်း ဖြစ်နေတယ်။

ဘန်လေက သူတို့ကို ပြဿနာကြီးတွေ သေချာပေါက် ပေးမှာပါ၊ ဂိုးလည်း တစ်ဂိုးလောက် သွင်းလိမ့်မယ်။ ဒါပေမယ့် အိုးထရက်ဖို့ဒ်မှာ ရလဒ်ကောင်း တစ်ခု ထွက်ဖို့လောက်ထိတော့ သူတို့က ခံစစ်ပိုင်း ကျစ်လစ်တဲ့ အသင်း မဟုတ်ဘူး။

မားကပ် ရက်ဖို့ဒ်က တကယ်ကို ရုန်းကန်နေရတာ။ ကန်လိုက်တိုင်း ဒီလို တလွဲ ဖြစ်နေတာက သူ့ ကစားသမား ဘဝ တလျေက်လုံးလည်း ဒီတခါ ပထမဆုံး ဖြစ်ပါလိမ့်မယ်။

သူက အပြောင်းအရွှေ့ အတွက် အလွယ်တကူ တောင်းဆိုတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီကာလကို သူ ဖြတ်သန်းပြီး ယုံကြည်မှုတွေ ပြန်ရလာနိုင်မယ် လို့ ကျွန်တော် ထင်တယ်။

ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက် ၃-၁ ဘန်လေ ဖြစ်ပါတယ်။