ဒီည လေးဂိုးသွင်းဖို့ မျှော်လင့်နေတဲ့ ဆီးမန်းနဲ့ လီဗာပူးပွဲမတိုင်ခင် ယနေ့ အာဆင်နယ် သတင်းများ

လီဗာပူးလ်နဲ့ပွဲမှာ အာတီတာအနေနဲ့ ဘယ်နောက်ခံနေရာမှာ ခံစစ်ပိုင်းအတွက် ပိုမိုစိတ်ချရတဲ့ ကီရန် တီယာနီကိုပဲ ရွေးချယ်ဖွယ် ရှိနေပြီး နူနို တာဗာရက်စ်ကို အနားပေးဖွယ်ရှိနိုင်တယ်လို့ အာဆင်နယ် ဂျာနယ်လစ် ချားလ်စ် ဝပ်ထ်က ခန့်မှန်းထားပါတယ်။

လီဗာပူးနည်းပြကလော့က အာဆင်နယ်အနေနဲ့ ရလဒ်တွေ ပြန်ကောင်းလာတာနဲ့ ပတ်သက်ပြီး မအံ့သြကြောင်း၊ အာဆင်နယ်ဟာ အသင်းကောင်းတစ်သင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ အာဆင်နယ်အနေနနဲ့ရာသီအစ ၃ ပွဲဆက် ရှုံးပွဲကြုံတွေ့ပြီးနောက် နောက်ဆုံး ၁၀ ပွဲဆက် ရှုံးပွဲ မရှိတော့ပါဘူး။

အာဆင်နယ် နည်းပြ အာတီတာက သူ့အနေနဲ့ အသင်းခေါင်းဆောင် အူဘာမီယန်ဆီက ဒီထက် ပိုမို မျှော်လင့်ထားကြောင်း၊ အူဘာအနေနဲ့ လက်ရှိ ပုံစံကို ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ကြောင်းပြောဆိုခဲ့ပါတယ်။

အာဆင်နယ် ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးက သူ့အနေနဲ့ နည်းပြသက်တမ်းတစ်လျှောက် စီရော်နယ်ဒိုနဲ့ ကန်တီတို့ကို မခေါ်နိုင်ခဲ့တာ နောင်တ အရဆုံးဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ဂန္ထဝင်ဂိုးသမားကြီး ဒေးဗစ်ဆီမန်းက ဂိုးသမား ရမ်ဒေးလ်ဟာ ဖိအားတွေကို ကောင်းမွန်စွာ ကိုင်တွယ် နိုင်သူဖြစ်ကြောင်း၊ သူဟာ စိတ်ဓာတ်ပိုင်းသန်မာသူဖြစ်ပြီး အာဆင်နယ်အနေနဲ့ ပြန်လည် တည်ဆောက်ရေးလုပ်ရာမှာ လိုအပ် သူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဆီးမန်းကပဲ ဒီည အန်းဖီးလ်မှာ ဂန်းနားတွေအနေနဲ့ အာရှာဗင်ရဲ့ သွင်းဂိုးလေးဂိုးကို ရရှိခဲ့ဖူးသလိုမျိုး ဒီတစ်ပတ်ပွဲစဉ်မှာ တစ်ခုခုလုပ်ပြနိုင်လိမ့်မယ်လို့ ထင်မြင်နေကြောင်း ပြောကြားလိုက်ပြီး ဂိုးသမား အာရွန် ရမ်ဒေးလ် ကတော့ အလုပ်များဖို့ ရှိနေတယ်လို့ ခန့်မှန်းသွားပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက သူတို့အသင်းအတွက် အဆင့်လေးအတွင်းဝင်ရောက်ခွင့်က မလုံလောက်ကြောင်း၊ အသင်း အနေနဲ့ အကောင်းဆုံးသော အရာတွေ အတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း၊ သူတို့ရဲ့ရည်မှန်းချက်က အလွန်ကြီးမားကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်နောက်ခံလူ တာဗာရက်စ် က သူတို့အနေနဲ့ အန်ဖီးလ်မှာ လီဗာပူးကို အလဲထိုးနိုင်မယ်လို့ ယုံကြည်ချက် ရှိကြောင်း၊ အာဆင်နယ်က အသင်းကြီးတစ်သင်းဖြစ်ပြီး ဒီလိုပွဲစဉ်မျိုးမှာ အနိုင်ရလိုကြောင်း နိုင်ပွဲတွေ ရယူဖို့ဆိုတာ အာဆင်နယ်အတွက် သာမန်သာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။