လာမယ့်နွေမှာ မန်ချက်စတာ ယူနိုက်တက် ထုတ်ရောင်းတော့မယ့် တန်ကြေး အမြင့်ဆုံး စီနီယာ အသင်းသား ၃ ဦး
မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ ဒီနွေမှာတော့ အသင်းရဲ့ တန်ကြေး အမြင့်ဆုံး၊ စီနီယာ ကစားသမားတွေကို ရောင်းချဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
နည်းပြတန်ဟက်ရဲ့ အနာဂတ် မသေချာသေးသလို မာရှယ်နဲ့ ဗာရန်းတို့ အလွတ်ဖြင့် ထွက်ခွာသွားနိုင်တဲ့ အခြေအနေမျိုးကို ယူနိုက်တက်တို့ ရင်ဆိုင်နေရတာပါ။

တချိန်တည်းမှာ မန်ချက်စတာကလပ်ဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့ကို လွဲချော်တော့မှာမို့ ဘဏ္ဍာရေးဆိုင်ရာ ရုန်းကန်ရမယ့် အခြေအနေကိုလည်း ရင်ဆိုင်ရဖွယ် ရှိပါတယ်။
ဒါကြောင့်ပဲ ကလပ်ရဲ့ အဓိက ကစားသမား ၃ ဦးဖြစ်တဲ့ ဟွိုင်လန်း၊ မိုင်နူး၊ ဂနာချိုတို့က လွဲလို့ ကျန်တဲ့ စီနီယာတွေအတွက် ကမ်းလှမ်းမှုတွေကို နားထောင်ပေးတော့မှာပါ။
အဲ့ထဲမှာတော့ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူး ရက်ဖိုဒ့်အပြင် ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်သမားတွေဖြစ်တဲ့ ဂရင်းဝုဒ်နဲ့ ဆန်ချိုတို့လည်း ပါဝင်လာပါတယ်။
အင်္ဂလန်သား တိုက်စစ်သမား ၃ ဦးကို ရောင်းချခြင်းဟာ ယူနိုက်တက်ကို FFP ကန့်သတ်မှုကနေ ကင်းလွှတ်ပြီး အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ကြီးကြီးမားမား လုပ်ရှားဖို့ ငွေကြေးရစေမယ်လို့ ဆာဂျင်ရက်ကလစ်တို့က ယုံကြည်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် နွေမှာတော့ ခံစစ်မှူးနဲ့ တိုက်စစ်မှူးသစ်တွေကို ခေါ်ယူဖို့လည်း ပြင်ဆင်နေ ပါတယ်။