တန်ဟက် အမှားတွေရဲ့ အစကတော့ ရော်နယ်ဒို ကိစ္စပဲ လို့ ထောက်ပြလိုက်တဲ့ မန်ယူ ကွင်းလယ်ဟောင်းကြီး ရှနိုက်ဒါ
မန်ယူအသင်း ကွင်းလယ်ကစားသမားဟောင်း ရှနိုက်ဒါကတော့ စီ ရော်နယ်ဒိုကို ပထုတ်ဖို့ ဆုံးဖြတ်လိုက်ချိန်ကစပြီး တန်ဟတ် တစ်ယောက် အသင်းသားတွေနဲ့ အဆင်မပြေ ဖြစ်ခဲ့ရကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။
နည်းပြ အဲရစ်တန်ဟက်ဟာ မန်ယူအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး သိပ်မကြာခင်မှာတင် ရော်နယ်ဒို ကို အရံခုံပေါ်ပို့ခဲ့ပြီး ရော်နယ်ဒို ရဲ့ အင်တာဗျူးအစီအစဉ်အပြီးမှာတော့ ရော်နယ်ဒိုကို အသင်းမှ ထုတ်ပယ်ဖို့အထိ တန်ဟတ် ဆုံးဖြတ်ခဲ့ပါတယ်။

ရော်နယ်ဒို ကိုယ်တိုင်ကလည်း တန်ဟတ် ရဲ့ သစ္စာဖောက်ခြင်းခံခဲ့ရကြောင်း လူသိရှင်ကြား ပြောဆိုခဲ့တာကြောင့် အသင်းမှ ထွက်ခွါခဲ့ရတာဖြစ်ပြီး အသင်းရှိ ကစားသမားအချို့ကတော့ အဆိုပါ ကိစ္စ နဲ့ ပတ်သက်ပြီး တန်ဟတ် နဲ့ သဘောထားချင်း ကွဲလွဲခဲ့ကြပါတယ်။
ရှနိုက်ဒါက “ တန်ဟတ် ဘယ်နေရာက စမှားသလဲဆိုတာ ကျွန်တော် ပြောပြရမလား၊ ရော်နယ်ဒို နဲ့ စ ခေါင်းချင်းဆိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ နေ့က စမှားခဲ့တာပါပဲ၊ အဲ့ဒီနောက် သူ့အပေါ် လေးစားမှုတွေ ပျောက်ဆုံးကုန်ကြပါတယ်။
ရော်နယ်ဒို ကို ထုတ်လိုက်တာက သူ့အတွက် အလုပ်ဖြစ်မယ်လို့ သူတွေးခဲ့ပေမယ့် တကယ့်တကယ်မှာတော့ ဆန့်ကျင်ဘက်ပါပဲ၊ သူ့ရဲ့ ဆုံးဖြတ်ချက်ကို အသင်းသားတိုင်း အံ့အားသင့်ခဲ့ရကြပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။