ပြင်သစ်လီဂူးဝမ်းမှာ မက်ဆီ၊ နေမာ၊ ဘတ်ပီတို့ကို နှပ်ချပြီး ဂိုးသွင်းကြမ်းနေတဲ့ ကနေဒါ တိုက်စစ်မှုး

မနေ့က ကစားခဲ့တဲ့ ပြင်သစ် လီဂူးဝမ်း ပွဲစဉ်မှာ မိုနာကိုနဲ့ လက်ရှိ ချန်ပီယံ လိုင်လီတို့ တစ်ဖက်နှစ်ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ လိုင်လီအတွက် တိုက်စစ်မှူး ဂျိုနသန်ဒေးဗစ် တစ်ဦးတည်းက ၂ ဂိုးသွင်းယူကာ ဦးဆောင် ပေးခဲ့ပေမယ့် မိုနာကိုက ပြန်လည်ချေပနိုင်ခဲ့ကာ သရေရလဒ် ထွက်ပေါ်ခဲ့တာပါ။

ဂျိုနသန်ဒေးဗစ်အတွက်တော့ လီဂူးဝမ်းမှာ ၁၄ ပွဲကစားအပြီး သွင်းဂိုး ၁၀ ဂိုးအထိ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီမှတ်တမ်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး ၃ဦးဖြစ်တဲ့ မက်ဆီ၊ နေမာ၊ အမ် ဘတ်ပီတို့ ၃ ဦးပေါင်းရဲ့ ဒီရာသီ စုစုပေါင်း လိဂ် သွင်းဂိုးထက် ပိုမိုများပြားနေတာဖြစ်ပြီး နာမည်ကြီး တိုက်စစ် ၃ဦးကတော့ ၉ ဂိုးသာ ရရှိထားတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်သာရှိသေးတဲ့ ကနေဒါ တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ် ဟာ လိုင်လီအတွက် ပြီးခဲ့တဲ့ရာသီက လီဂူး သွင်းဂိုး ၁၃ ဂိုးသာရရှိခဲ့ပေမယ့် ဒီရာသီမှာတော့ ၁၄ ပွဲသာ ကစားပေးရပြီးချိန်မှာ ၁၀ ဂိုးရရှိထားခဲ့တာဖြစ်ပါတယ်။

၎င်းရဲ့ ခြေစွမ်းက အံ့မခန်းတိုးတက်လာခဲ့တာကို အထင်အရှားမြင်တွေ့ခဲ့ရပြီး သိပ်မကြာခင်မှာ ထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ် ကစားသမား ဖြစ်လာဖွယ်ရာ ရှိနေပါတယ်။

ဂျိုနသန် ဒေးဗစ် ဟာ ဘရွတ်ကလင်းမှာမွေးဖွားခဲ့ပေမယ့် လက်ရွေးစင်အသင်းကိုတော့ ကနေဒါအတွက် ကစားပေးဖို့ ရွေးချယ်ခဲ့သူဖြစ်ပြီး ၂၄ ပွဲကစားအပြီးမှာ ၁၈ ဂိုးအထိ ရရှိထားခဲ့ပါတယ်။ ၎င်းကို ပြီးခဲ့တဲ့ရာသီမှာ လိုင်လီက ခေါ်ယူခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၃၀ ပေးခဲ့ရပါတယ်။

ZG

မေန႔က ကစားခဲ့တဲ့ ျပင္သစ္ လီဂူးဝမ္း ပြဲစဥ္မွာ မိုနာကိုနဲ႔ လက္ရွိ ခ်န္ပီယံ လိုင္လီတို႔ တစ္ဖက္ႏွစ္ဂိုးစီနဲ႔ သေရက်ခဲ့ပါတယ္။ လိုင္လီအတြက္ တိုက္စစ္မႉး ဂ်ိဳနသန္ေဒးဗစ္ တစ္ဦးတည္းက ၂ ဂိုးသြင္းယူကာ ဦးေဆာင္ ေပးခဲ့ေပမယ့္ မိုနာကိုက ျပန္လည္ေခ်ပႏိုင္ခဲ့ကာ သေရရလဒ္ ထြက္ေပၚခဲ့တာပါ။

ဂ်ိဳနသန္ေဒးဗစ္အတြက္ေတာ့ လီဂူးဝမ္းမွာ ၁၄ ပြဲကစားအၿပီး သြင္းဂိုး ၁၀ ဂိုးအထိ ျပည့္ေျမာက္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ဒီမွတ္တမ္းဟာ ပီအက္စ္ဂ်ီတိုက္စစ္မႉး ၃ဦးျဖစ္တဲ့ မက္ဆီ၊ ေနမာ၊ အမ္ ဘတ္ပီတို႔ ၃ ဦးေပါင္းရဲ႕ ဒီရာသီ စုစုေပါင္း လိဂ္ သြင္းဂိုးထက္ ပိုမိုမ်ားျပားေနတာျဖစ္ၿပီး နာမည္ၾကီး တိုက္စစ္ ၃ဦးကေတာ့ ၉ ဂိုးသာ ရရွိထားတာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္သာရွိေသးတဲ့ ကေနဒါ တိုက္စစ္မႉး ဂ်ိဳနသန္ ေဒးဗစ္ ဟာ လိုင္လီအတြက္ ၿပီးခဲ့တဲ့ရာသီက လီဂူး သြင္းဂိုး ၁၃ ဂိုးသာရရွိခဲ့ေပမယ့္ ဒီရာသီမွာေတာ့ ၁၄ ပြဲသာ ကစားေပးရၿပီးခ်ိန္မွာ ၁၀ ဂိုးရရွိထားခဲ့တာျဖစ္ပါတယ္။

၄င္းရဲ႕ ေျခစြမ္းက အံ့မခန္းတိုးတက္လာခဲ့တာကို အထင္အရွားျမင္ေတြ႕ခဲ့ရၿပီး သိပ္မၾကာခင္မွာ​ ထိပ္တန္း အသင္းႀကီးေတြရဲ႕ ပစ္မွတ္ ကစားသမား ျဖစ္လာဖြယ္ရာ ရွိေနပါတယ္။

ဂ်ိဳနသန္ ေဒးဗစ္ ဟာ ဘ႐ြတ္ကလင္းမွာေမြးဖြားခဲ့ေပမယ့္ လက္ေ႐ြးစင္အသင္းကိုေတာ့ ကေနဒါအတြက္ ကစားေပးဖို႔ ေ႐ြးခ်ယ္ခဲ့သူျဖစ္ၿပီး ၂၄ ပြဲကစားအၿပီးမွာ ၁၈ ဂိုးအထိ ရရွိထားခဲ့ပါတယ္။ ၄င္းကို ၿပီးခဲ့တဲ့ရာသီမွာ လိုင္လီက ေခၚယူခဲ့တာျဖစ္ၿပီး ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ယူ႐ိုသန္း ၃၀ ေပးခဲ့ရပါတယ္။