ကာရေဂါတောင် ကြည့်ရင်း သည်းမခံနိုင် ဖြစ်ရတဲ့ အန်တိုနီနဲ့ မောင့်တို့ရဲ့ အချိုးမပြေချက်များ
မန်ချက်စတာ ယူနိုက်တက်က ခရစ္စတယ် ပဲလေ့စ်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ တနင်္လာနေ့ပွဲအပြီးမှာ အန်တိုနီနဲ့ မေဆန် မောင့်တို့ရဲ့ တုံ့ပြန်ပုံက အတော် အချိုးမပြေဘူးလို့ လီဗာပူးနောက်ခံလူဟောင်းကြီး ဂျေမီ ကာရေဂါက ပြစ်တင်လိုက်ပါတယ်။
တန်ဟက်ရဲ့အသင်းက ဆဲလ်ဟတ်စ်ပါ့ခ်မှာ အိုလစ်ဆေး၊ မာတီတာ၊ တိုင်ရစ် မစ်ချဲတို့ရဲ့ သွင်းဂိုးတွေကြောင့် ဂိုးပြတ် ရှုံးခဲ့ရပြီး ခရစ္စတယ် ပဲလေ့စ်က ထိုက်ထိုက်တန်တန် နိုင်ပွဲရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ယူ အသင်းက ဆိုးရွားတဲ့ စွမ်းဆောင်ရည်ပြသခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ တန်ဟက်ရဲ့ ကစားသမားတွေကို ပွဲအပြီးမှာ လက်ခုပ်တီးပေးခဲ့ကြပါတယ်။
ဒါပေမယ့် မန်ယူအသင်းသားတွေထဲက အန်တိုနီနဲ့ မေဆန် မောင့်တို့ဟာ ကွင်းထဲကနေ ထွက်ခွာနေချိန်အတွင်း စကားကြောဖြတ်မရဖြစ်နေခဲ့တာဖြစ်ပါတယ်။
အန်တိုနီဟာ လက်တစ်ဖက်က ပါးစပ်ကို အုပ်ထားပြီး ကျန်လက်တစ်ဖက်က မေဆန် မောင့်ကို လက်ချောင်း ၃ ချောင်းထောင်ပြထားတာကို မြင်တွေ့ခဲ့ရပါတယ်။
ကာရေဂါက အဲဒီ ရုပ်သံ ဗီဒီယိုကို ကြည့်ရှုနေရင်း “ကွင်းထဲကနေ ထွက်ကြတော့ကွာ”လို့ ဒေါသတကြီး ပြောဆိုခဲ့ပါတယ်။
“ကျွန်တော် ပြောချင်တာက စကားပြောတယ်။ ပါးစပ်ကို အုပ်ပြီး တိုးတိုးပြောတယ်။ ခင်ဗျားက လုံးဝကို စိတ်ပျက်စရာကောင်းခဲ့တယ်။ သူက တခြားကစားသမားတွေထဲက တစ်ဦးအကြောင်း ပြောနေတာဖြစ်နိုင်တယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်ပေါ့။ ဒါမှမဟုတ် ကစားကွက် ဒါမှမဟုတ် နည်းပြအကြောင်းပေါ့။
မင်းတို့ ကွင်းထဲကနေ ထွက်ကြတော့။ ပါးစပ်ပိတ်ပြီး ဥမင်ထဲကို ဝင်သွားလိုက်။ ၄-၀ နဲ့ မင်းတို့ အနိုင်ယူခံခဲ့ရတာ။ တီးတိုးတီးတိုနဲ့ တခြားကစားသမားတွေအကြောင်း ပြောနေကြတာက ပွင့်ပွင့်လင်းလင်း ပြောရရင် ရှက်စရာကောင်းတယ်။”လို့ ပြောဆိုခဲ့ပါတယ်။