မော်ရင်ဟို အပြင် တူချယ်ပါ မန်ယူ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားလာခြင်းနဲ့ တူချယ် သဘောထား
တန်ဟက်ကို ဖြုတ်လိုက်ရင် မန်ယူအသင်းနည်းပြသစ် ဖြစ်လာဖို့ မော်ရင်ဟို ရေပန်းစားနေသလို ဘိုင်ယန်နဲ့ လမ်းခွဲမယ့် တူချယ်လည်း မန်ယူအသင်းကို နည်းပြဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
နည်းပြ တူချယ်ရဲ့ ဘိုင်ယန်မြူးနစ်ဟာ ညက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးပြီး ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

တူချယ်ဟာ ယခုရာသီအကုန် ဘိုင်ယန်နဲ့ လမ်းခွဲတော့မှာ ဖြစ်တာကြောင့် လာမယ့်ရာသီသစ်အတွက် အသင်းသစ် ရှာဖွေမှုတွေ ပြုလုပ်နေပြီး ဘိုင်ယန်အသင်းနဲ့လည်း ပြန်လည် ဆွေးနွေးဖွယ် မရှိတော့ကြောင်း သိရပါတယ်။
အသက် ၅၀ အရွယ် နည်းပြ တူချယ်ဟာ ချဲလ်ဆီးနဲ့ အကောင်းဆုံး စွမ်းဆောင်ပြသနိုင်ခဲ့သူ တစ်ယောက်ဖြစ်ပြီး လက်ရှိ ဘိုင်ယန်အသင်းနဲ့လည်း ထိုက်တန်တဲ့ စွမ်းဆောင်မှုတွေ ပြုလုပ်နေပေမယ့် ပြည်တွင်းလိဂ်မှာ လေဗာကူဆင်ရဲ့ ခြေစွမ်းပြမှုတွေကြောင့် ဖလား လက်လွှွတ်ပေးခဲ့တဲ့ အသင်းဖြစ်ပါတယ်။
လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းများအရ မန်ယူအသင်းဘက်ကလည်း တူချယ်လို ထိပ်တန်း နည်းပြမျိုးကို ၎င်းတို့ရဲ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပြီး ချဲလ်ဆီးနည်းပြဟောင်း ပေါ်တာကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေကြပါတယ်။
မန်ယူအသင်းဟာ တူချယ် အပြင် အင်္ဂလန် နည်းပြ ဆောက်ဂိတ်ကိုလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပြီး လက်ရှိ နည်းပြ တန်ဟတ်ဂ်ကတော့ အထုတ်ပယ်ခံရဖို့ အတော်လေးကို ရာခိုင်နှုန်း များပြားနေကြောင်း သတင်းရရှိပါတယ်။