ဘောအမြင်နဲ့ အသိဉာဏ် မရှိတဲ့သူတွေပဲ သူ့ကို မန်ယူကနေ ထုတ်ခိုင်းနေကြတာ ဆိုတဲ့ တန်ဟက် တုန့်ပြန်စကား

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်က သူ့ကို ထုတ်ပယ်ဖို့ ဝေဖန်ပြောဆိုနေကြသူတွေဟာ ဘောလုံးအမြင်နဲ့ အသိဉာဏ်မရှိသူတွေဖြစ်တယ်ဆိုပြီး တုံ့ပြန်သွားခဲ့ပါတယ်။

နည်းပြတန်ဟတ်ဟာ ခရစ္စတယ်ပဲလေ့စ်ကို လေးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ယနေ့ည အာဆင်နယ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းထံကနေ ကြီးကြီးမားမား တုံ့ပြန်မှုတစ်ခုလုပ်ဖို့ မျှော်လင့်နေပါတယ်။

အာဆင်နယ်နဲ့ပွဲမတိုင်ခင် တန်ဟတ်က ကစားသမားတွေဟာ သူ့အပေါ် လက်လျှော့လိုက်ပြီဖြစ်တယ်ဆိုတဲ့သတင်းတွေအပေါ် ငြင်းဆိုသွားခဲ့ပါတယ်။

တန်ဟတ်က ” ပဲလေ့စ်နဲ့ပွဲကလွဲရင် ပွဲတိုင်းလိုလို သူတို့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အဲ့ဒါက အသင်းရဲ့စိတ်ဓာတ်ပိုင်းပါပဲ။ ကျွန်တော်တို့ ဘရန့်ဖို့ဒ်၊ ချဲလ်ဆီး၊ လီဗာပူူး ကိုဗင်ထရီတို့နဲ့ပွဲတွေမှာ မိနစ်၇၀အထိ ဒီစိတ်ဓာတ်ပိုင်းတွေကို မြင်တွေ့ခဲ့ရပါတယ်။

သူတို့ ရှက်ဖီးလ်နဲ့ပွဲမှာလည်း ကျစ်ကျစ်လစ်လစ်နဲ့ ကစားနိုင်ခဲ့ပါတယ်။ ၆ရက်အတွင်း ၃ပွဲမြောက်အဖြစ် ကစားခဲ့ရတဲ့ ဘန်လေနဲ့ပွဲမှာ ကြံ့ခိုင်မှုအားကောင်းကောင်းနဲ့ ကစားနိုင်ခဲ့ပါတယ်။

ကျွန်တော့်အပေါ် ဝေဖန်ပြောဆိုနေကြသူအချို့ကတော့ ဘောလုံး ဒါမှမဟုတ် နည်းပြအလုပ်နဲ့ပတ်သက်ပြီး အမြင်၊ အသိဉာဏ်မရှိလို့ပါပဲ။ ” လို့ ပြောသွားခဲ့ပါတယ်။