မန်ယူ ချိန်နေတဲ့ တတိယတန်းစား နည်းပြ၊ မာတီနက်ဇ် ပြန်လာပြီ၊ ဗာရန်း နောက်ဆုံးပွဲ၊ ဆန်ချို ကို ခေါ်ချင်တဲ့ ဂန်းနားကြီးနဲ့ နောက်ဆုံးရ မန်ယူ သတင်းတိုများ
ဘရန့်ဖို့ဒ်နည်းပြ သောမက်စ် ဖရန့်ခ်ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြသစ် ဖြစ်လာဖို့ ပိုမို ရေပန်းစားလာကြောင်း သိရပါတယ်။
ဒဏ်ရာကြောင့် နားနေခဲ့ရတဲ့ မန်ယူအသင်းနောက်ခံလူ မာတီနက်ဇ် တစ်ယောက် ယခုလာမယ့် နယူးကာဆယ်နဲ့ ပွဲမှာ ပြန်လည် ပါဝင်လာဖို့ ရှိနေပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ် ကတော့ အသင်းပြောင်းဖို့ သတင်းထွက်နေတဲ့ ဖာနန်ဒက်စ်ကို ဆက်ထိမ်းဖို့ ယုံကြည်မှုအပြည့်ရှိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းနောက်ခံလူ ဗာရန်းတစ်ယောက် ယခုရာသီအကုန် အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်ပါတယ်။ ဗာရန်း စာချုပ်မှာ တစ်နှစ် ထပ်တိုးခွင့် ပါပေမယ့် လစာမြင့်ပြီး ကြံ့ခိုင်မှု နည်းပါးလာတဲ့ ပြင်သစ်သားကို မန်ယူက သက်တမ်း ထပ်မတိုးတော့တာ ဖြစ်ပါတယ်။
ဗာရန်းဟာ မန်ယူအသင်းနဲ့ သုံးရာသီကြာ ဖြတ်သန်းနေသူတစ်ယောက်ဖြစ်ပြီး ယခုတစ်ခေါက် အက်ဖ်အေဖိုင်နယ်ပွဲစဉ်က ၎င်းအတွက် နောက်ဆုံးပွဲစဉ် ဖြစ်လာနိုင်ပါတယ်။
အင်္ဂလန် နည်းပြဟောင်း ကာပယ်လိုကတော့ ဘရိုက်တန် နည်းပြ ဒီဇာဗီဟာ တတိယတန်း ကလပ် နည်းပြအဆင့်လောက်သာ ရှိကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ဒီဇာဗီကို မန်ယူနဲ့ ချယ်ဆီးတို့က နည်းပြလောင်းစာရင်းမှာ ထည့်သွင်း ချိန်ရွယ်နေတာပါ။
အာဆင်နယ်ဂန္တဝင် အီမန်နျူရယ် ပီတစ်က မန်ချက်စတာယူနိုက်တက်အပယ်ခံ ဂျေဒန် ဆန်ချိုဟာ ဒေါ့မွန်မှာ ကစားသမားဘဝ ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီးနောက် ဂန်းနားတွေအတွက် အရမ်းကောင်းတဲ့ ခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ ခေါ်ယူဖို့ သုံးသပ် တိုက်တွန်းလိုက်ပါတယ်။