အသင်းပြောင်းချင်နေတဲ့ ရက်ဖို့ဒ်၊ နည်းပြ လောကထဲ ဝင်လာတဲ့ ဗန်ပါစီ၊ ဘရူနို ပြန်ပါဖို့ မျှော်နေတဲ့ တန်ဟက်နဲ့ နောက်ဆုံးရ မန်ယူ သတင်းများ

မနက်ဖြန် ဘရိုက်တန်နဲ့ ပွဲအမှီ ဖာနန်ဒက်စ် တစ်ယောက် ကြံ့ခိုင်မှု ပြည့်ဝနေဖို့ နည်းပြ တန်ဟတ် အလိုရှိနေပြီး ကစားသမားရဲ့ အနေအထားက ပါဝင်လာဖို့ ရာနှုန်းပြည့် မသေချာသေးကြောင်း သိရပါတယ်။

မန်ယူအသင်းမှာ မပျော်မရွှင်ဖြစ်နေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် တစ်ယောက် အသင်းမှ ထွက်ခွါဖို့ စဉ်းစားနေကြောင်း သတင်း ရရှိပါတယ်။

အသင်း ပြောင်းရွှေ့မယ်လို့ သတင်းထွက်နေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက အလိုမရှိမှ သူဟာ ဒီအသင်းကနေ ထွက်ခွာမှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ကစားသမားဘဝမှ အနားယူထားတဲ့ မန်ယူ၊ အာဆင်နယ် အသင်းတိုက်စစ်မှူးဟောင်း ဗန်ပါစီတစ်ယောက် နည်းပြ လောကထဲ စတင် ဝင်ရောက်လာခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

၂၀၁၉ ခုနှစ်ကတည်းက ကစားသမားဘဝမှ အနားယူထားတဲ့ ဗန်ပါစီဟာ နယ်သာလန်ကလပ် ဟာရီဗန် အသင်းကို စတင် ကိုင်တွယ်တော့မှာ ဖြစ်ပြီး ယခုတာဝန် မတိုင်ခင်တုန်းက အသက် ၁၈ နှစ်အောက် လူငယ်အသင်းကို နည်းပြနေခဲ့တာ ဖြစ်ပါတယ်။

မန်ယူနည်းပြ တန်ဟက်က နယူးကာဆယ်နဲ့ ပွဲ အပြီးမှာ အက်ဖ်အေဖလား ကို အိုးထရက်ဖို့ဒ်ထံ အရောက် ယူလာမယ် လို့ ပရိသတ်တွေရှေ့ ကတိပေးခဲ့ပြီး ထိုသို့ ရဲရင့်တဲ့ ပြောစကားကြောင့် သရဲနီ ပရိသတ် အချို့ကတော့ တန်ဟက်ကို အချိန်ပေး ဆက်ခန့်စေလိုနေပါတယ်။