ဒီတပတ်ထဲ ထူးမယ့် ကိစ္စ၊ ဆက်နေချင်တဲ့ အမ်မရာဘတ်၊ ပြန်မလာချင်တဲ့ ဂရင်းဝုဒ်၊ သောမတ်စ် တူချယ်နဲ့ နောက်ဆုံးရ မန်ယူ သတင်းထူးများ

မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြတန်ဟက်ကို အသင်းမှာ ဆက်ထား၊ မထား ဒီတပတ်ထဲမှာ ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်။

မန်ယူ အသင်းတောင်ပံ ကစားသမား ဂရင်းဝုဒ် က ဂီတာဖေး အသင်း ပရိသတ်တွေအား နှုတ်ဆက်ခဲ့ပြီ ဖြစ်ပေမယ့် ယူနိုက်တက် ထံ ပြန်လည် လာရောက် ပူးပေါင်းဖို့ အစီအစဉ်မရှိကြောင်း သိရပါတယ်။

ဖီအိုရင်တီးနားကနေ တစ်ရာသီ အငှားနဲ့ လာရောက် ကစားခဲ့တဲ့ မော်ရိုကို ကွင်းလယ်လူ ဆိုဖီယန် အမ်မရာဘတ်က အခုချိန် အငှားစာချုပ် ပြည့်သွားပေမယ့် ယူနိုက်တက်မှာပဲ ဆက်လက် ရှိသွားချင်တယ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

မန်ယူအသင်းနောက်ခံလူ မက်ဂွိုင်းယားကတော့ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်မရခဲ့တဲ့ လိဒ်စ် ယူနိုက်တက် အသင်း ကို လှောင်ပြောင်သွားခဲ့ပါတယ်။

မန်ယူအသင်းဂိုးသမား အိုနာနာက မန်ချက်စတာ ယူနိုက်တက်မှာပဲ ဆက်လက် တိုက်ပွဲဝင်ကာ ဝေဖန်မှုတွေကို တုန့်ပြန်ဖို့ ဆန္ဒရှိနေကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ဘိုင်ယန်နည်းပြဟောင်း သောမတ်စ် တူချယ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သတင်း ထွက်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် က နှစ်လိုဖွယ်ကောင်းပြီး ထူးခြားဆန်းပြားတဲ့ နည်းပြတစ်ဦး ဖြစ်တယ်လို့ မန်ချက်စတာ စီးတီး အသင်းနည်းပြ ပက်ပ် ဂွာဒီယိုလာက အမွှမ်းတင် ပြောကြားသွားခဲ့ပါတယ်။