ဘရတ်ဝိတ်အတွက် ယူနိုက်တက် ပေးလိုတဲ့စျေးထက် နှစ်ဆပိုတောင်းလာတဲ့ အဲဗာတန်
ယူနိုက်တက်ဟာ အသင်းအတွက် အံဝင်ကိုက်ညီနိုင်မယ့် ကစားသမားတွေ ကင်းထောက် ရှာဖွေနေပြီး အများစုကတော့ ငယ်ရွယ်တဲ့ ဗဟို ခံစစ်မှုးတွေချည်း ဖြစ်ပါတယ်။
ဘရတ်ဝိတ်၊ တိုဒီဘို၊ ဘရီမာ၊ ဘင်ဖီကာမှ အန်တိုနီယို ဆေးလ်ဗားတို့ကို ယူနိုက်တက်က ကင်းထောက် စောင့်ကြည့်ထားပါတယ်။
လက်တလောမှာတော့ ယူနိုက်တက်က ဘရတ်ဝိတ်အတွက် ချဉ်းကပ်နေရာမှာ ပေါင် သန်း ၄၀ ထက် ပိုမပေးပါက ဒီအပြောင်းအရွှေ့ ဖြစ်မြောက်မှာ မဟုတ်ကြောင်း သတိပေးခံထားရတယ်။ အဲဗာတန်ဘက်က အလိုရှိတဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း ၈၀ ဖြစ်ပါတယ်။
အသင်းရဲ့ ပစ်မှတ် ခံစစ် ကစားသမားတွေထဲက ဘယ်သူကမှ ဈေးပေါပေါနဲ့ ရဖို့ မလွယ်သလို နှစ်ယောက် တခါတည်း ခေါ်ဖို့လည်း မလွယ်ကူကြောင်း ယူနိုက်တက်က သဘောပေါက်ထားပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီမှာ တစ်ရာသီလုံး နီးပါး မာတီနက်ဇ် နာနေတဲ့ အပြင် ဗဟိုခံစစ်သမားတွေချည်း အပြိုင်အဆိုင် ဒဏ်ရာ ရနေတာကြောင့် အတော် ထိချက် နာနေပါတယ်။
သတင်းထောက် ရိုမန်နို ကတော့ ယူနိုက်တက်ဟာ ဗဟိုခံစစ်မှုး တစ်ဦး သို့မဟုတ် နှစ်ဦး နွေမှာ ခေါ်ယူမယ်လို့ အခိုင်အမာ ဆိုထားပါတယ်။