မန်ယူ ကစားသမားတွေကို ဈေးကြီးပေးဝယ်ပြီး မဖြစ်ထွန်းတာ သူ့ကို လာ အပြစ်မတင်နဲ့ ဆိုတဲ့ တန်ဟက်ရဲ့ ရှောင်လွှဲစကား

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟတ်ဟာ ပြီးခဲ့တဲ့ရာသီက ခေါ်ယူခဲ့တဲ့ ဟွိုက်လန်း ၊ မေဆန် မောင့်၊ ဂိုးသမား အိုနာနာတို့ကဲ့သော ကစားသမားများကို ပြောင်းရွှေ့ကြေး မြောက်မြားစွာပေးခေါ်ခဲ့ပြီး စုစုပေါင်း ပေါင် သန်း ၂၀၀ ကျော်လောက်သုံးခဲ့ပေမယ့် အဆင့် ၄ အတွင်းမဝင်ပဲ ချန်ပီယံလိဂ်မကစားရခြင်းဟာ သူ့အပြစ်မဟုတ်ဘူး လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ကစားသမား ဝယ်ယူမှု၊ ဈေး ညှိနှိုင်းမှုတွေက သူ လုပ်တာ မဟုတ်လို့ သူ့ အပြစ် မဟုတ်ဘူးလို့ တန်ဟက်ကတော့ အပြတ် ပြောခဲ့တာပါ။

နည်းပြ တန်ဟတ်က “ကစားသမားတွေအတွက် ပေးရတဲ့ ဈေးနှုန်းတွေက တကယ်ကို မြင့်မားတယ် ဒါပေမယ့် အဲဒါအတွက် ကျွန်တော် တာဝန်မရှိပါဘူး။ ကျွန်တော် ဈေးညှိတာ ဝယ်တာ မဟုတ်ဘူး။ ကျွန်တော့်ကို လက်ညှိုးလာမထိုးကြပါနဲ့။ မန်ယူနိုက်တက်အသင်းနဲ့ ညှိနှိုင်းမရလို့ လက်လွှတ်ခဲ့ရပြီး မခေါ်ယူဖြစ်ခဲ့သည့် ကစားသမားကောင်းများ ညှိနှိုင်းမှုကိစ္စတွေမှာလည်း အဲဒါလည်း ကျွန်တော့်အပြစ်မဟုတ်ပါဘူး”

“အဲဒါအားလုံးကို အပြင်ပန်းက အပြင်လူအနေနဲ့ သိမြင်နိုင်မှာ မဟုတ်တဲ့အတွက် အသင်းရဲ့အတွင်းပိုင်းရှိ အပြောင်းအရွှေ့ကိစ္စတာဝန်ယူထားတဲ့လူတိုင်းက အဲဒီခွဲခြမ်းစိတ်ဖြာမှုကို ပြုလုပ်ရပါလိမ့်မယ်” လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး နည်းပြတန်ဟတ်ဟာ ယခုလာမည့်နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူး ၊ ဗဟိုနောက်ခံလူ နှင့် ကွင်းလယ်ကစားသမား စုစုပေါင်း ၃ ဦးဖြင့် ခေါ်ယူလိုနေပြီး သူလိုချင်တဲ့ အဲဒီနေရာတွေအတွက် ကစားသမား ၃ ယောက်သာ ရခဲ့ရင် အသင်းကို အောင်မြင်အောင် လုပ်နိုင်မယ် လို့လည်း ယုံကြည်နေပါတယ်။

တန်ဟက် က “အဲဒီ နေရာတွေသာ ဖြည့်နိုင်ရင် ပွဲထွက် ၁၁ ယောက်အင်အားအပြည့်အစုံရပြီး ထိပ်ဆုံး ၄ သင်းထဲဝင်ဖို့ ယုံကြည်မှုအပြည့်နဲ့ စတင်ကစားနိုင်ပါပြီ”

“အဲဒါက ကျွန်တော့်ကို (ထိပ်ဆုံး ၄ သင်းထဲဝင်ဖို့) တကယ့် မျှော်လင့်ယုံကြည်မှုပေးသလို လက်တွေ့လည်းကျပါတယ်” လို့ ဆက်လက်ပြောသွားခဲ့ပါတယ်။