နီဗက်စ်အတွက် ဘင်ဖီကာ ရောင်းဈေး၊ တန်ဟက်ကို မထုတ်နဲ့ ဆိုတဲ့ ဗန်ဟားလ်၊ ကာကက်ဇ်၊ တိုဆင်၊ ဂရင်းဝုဒ်တို့နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းများ

မန်ယူ၊ မန်စီးတီး၊ အာဆင်နယ် တို့ စောင့်ကြည့်နေကြတဲ့ ကွင်းလယ်လူ ဂျာအို နီဗက်စ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ ရမှ ရောင်းဖို့ ဘင်ဖီကာဘက်က ဆုံးဖြတ်ထားပါတယ်။

ဂီတာဖေး အသင်းထံ အငှားထွက်ကစားနေတဲ့ ယူနိုက်တက် တိုက်စစ်သမား ဂရင်းဝုဒ်ဟာ ဂျူဗင်တပ်ထံ ပြောင်းရွှေ့နိုင်တယ်လို့ သိရပါတယ်။ ဂရင်းဝုဒ်ကို နည်းပြ မော်ရင်ညို ကိုင်တွယ်တော့မယ့် ဖီနာဘာချီ အသင်းကလည်း ခေါ်ယူလိုနေပါတယ်။

မန်ယူအသင်းဟာ ဘုန်းမောက် အသင်း နောက်ခံအစွန်လူ ကာကက်ဇ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သတင်းရရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း လူးဝစ် ဗန်ဟားလ် ကတော့ လက်ရှိ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် ဟာ ရာထူးကနေ ထုတ်ပယ် မခံရသင့်ဘူး လို့ မှတ်ချက်ပေးလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ တန်ဟက်ကို အစားထိုးဖို့ဖြစ်လာခဲ့ရင် ကလပ်ရဲ့ ဦးစားပေး နည်းပြအဖြစ် ဆောက်ဂိတ် ကိုပဲ ရွေးချယ်ထားပါပြီ။

ချယ်ဆီးခံစစ်မှူးသစ် ဖြစ်လာတဲ့ တိုဆင်ကို ယူနိုက်တက်က နောက်ဆုံး အချိန်မှာ ဝင်ရောက် ကမ်းလှမ်းသေးပေမယ့် ခံစစ်သမားက သူ့ကတိကိုပဲ တည်ချင်ခဲ့ပါတယ်။

အင်္ဂလန် အသင်းကွင်းလယ်ကစားသမား မိန်နိုးကတော့ အိုက်စ်လန်နဲ့ ပွဲမှာ လှောင်ပြောင်ခံခဲ့ရပေမယ့် စိတ်မဆိုးကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ရဲ့ မသေချာတဲ့ အနာဂတ် အပြောင်းအရွှေ့တွေကြောင့် မန်ယူအသင်းဘက်က လစာတိုးမြှင့်ချုပ်ဆိုဖို့ စီစဉ်နေကြောင်း သိရပါတယ်။

မန်ယူအသင်း ပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူအီးအက်ဖ်အေရဲ့ တင်းကျပ်မှုတွေကို ရှောင်လွှဲနိုင်ဖို့ ပူးတွဲပိုင်ဆိုင်ထားတဲ့ နိုက်စ်အသင်းကို ရောင်းချလိုနေကြောင်း သိရပါတယ်။