စာချုပ် တစ်နှစ်ပဲ ကျန်တဲ့ ဆန်ချို ကို အပြီးရောင်းဖို့ မန်ချက်စတာယူနိုက်တက် ဈေး သတ်မှတ်လိုက်ပါပြီ

မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂလန်သား တောင်ပံ တိုက်စစ် ကစားသမား ဂျာဒွန်ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး သတ်မှတ် ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဆန်ချိုဟာ နည်းပြအဲရစ်တန်ဟက်နှင့် ပြဿနာတက်ပြီးနောက် ပြီးခဲ့တဲ့ရာသီ ဒုတိယရာသီဝက်အား အသင်းဟောင်းဒေါ့မွန်သို့ အငှားဖြင့် သွားရောက်ကစားခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ဒေါ့မွန်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်အောင် ကူညီနိုင်ခဲ့ပါတယ်။ ဒါမေပဲ့ ဆန်ချိုရဲ့ ဒေါ့မွန်ဟာ ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ဆန်ချိုဟာ သူနဲ့အဆင်မပြေတဲ့ အဲရစ်တန်ဟက်မှာ စာချုပ် နောက်ဆုံးတစ်နှစ်ကျန်အတိုင်း အိုးထရက်ဖို့ဒ်တွင် ဆက်ရှိ နေနိုင်သလို၊ အသင်းသစ်လည်း ပြောင်းနိုင်ဖွယ် ရှိနေသေးပြီး အနာဂတ် မရေမရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဘက်ကတော့ ယခုနွေတွင် နည်းပြအပြောင်းအလဲ ဖြစ်လာသည်ဖြစ်စေ မဖြစ်လာသည်ဖြစ်စေ ဆန်ချိုကို ရောင်းချလိုနေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၄ဝ လို့ သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒေါ့မွန်ဟာ ဆန်ချိုကို ဆက်လက် ခေါ်ယူထားလိုပေမဲ့ အပြီးဝယ်ဖို့ မတတ်နိုင်တာကြောင့် အငှားဖြင့်သာ ခေါ်ယူထားလိုနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဘဏ္ဍာရေးမျှတစွာသုံးစွဲရေးဥပဒေကြောင့် အပြောင်းအရွှေအသုံးစရိတ်ကန့်သတ်မှု ရှိနေရာ ကစားသမားရောင်းချပြီး ငွေအင်အားဖြည့်တင်းဖို့ လိုအပ်နေပါတယ်။

ဆန်ချိုဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ ဒေါ့မွန်မှ ပေါင် ၇၃ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး ယူနိုက်တက်နှင့် စာချုပ် ၂ နှစ်ကျန်ပါသေးတယ်။ သူ့ကို ဘာစီလိုနာနှင့် ဂျူဗင်တပ်တို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။