သရဲနီ ၂ဦးကို ကမ်းလှမ်းထားတဲ့ ဂါလာတာစာရေး၊ အက်ဇီ၊ ဂရင်းဝုဒ်၊ အိုလစ်၊ ဆက်ကို၊ ဆာအဲလက်စ် အကြိုက် နည်းပြနဲ့ နောက်ဆုံးထွက် မန်ယူ ထူးခြားသတင်းများ
မန်ချက်စတာ ယူနိုက်တက် ဟာ နည်းပြ တန်ဟတ် ရဲ့ အနာဂတ်ကို ယခုအပတ်အတွင်း ဆုံးဖြတ်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။
မန်ယူ အသင်းတာဝန်ရှိသူတွေကတော့ နည်းပြရာထူးအတွက် ဘရိုက်တန်နည်းပြ ဒီဇာဘီကို ဆက်သွယ်ထားခဲ့ပြီး ဂန္တဝင် နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန် ကတော့ ပိုချက်တီနိုအား ပိုမို ဦးစားပေးဖို့ တိုက်တွန်းထားပါတယ်။

မန်ယူနိုက်တက် ကြယ်ပွင့် ဝမ် ဘစ်ဆာကာ၊ တော်မီနေးတို့ နှစ်ဦးအတွက် တူရကီကလပ် ဂါလာတာစရေး အသင်းက ယူရို ၂၅ သန်းဖြင့် ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။
မန်ယူအသင်းဟာ ပေါင် သန်း ၆၀ တန် ပဲလေ့စ်တောင်ပံ ကစားသမား အက်ဇီကို ခေါ်ယူဖို့ ပြိုင်ပွဲထဲ ဝင်ရောက်လာခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့လည်း ဂရင်းဝုဒ်ကတော့ မော်ရင်ဟိုနဲ့လက်တွဲ အလုပ် လုပ်ဖို့ သိပ်ပြီးဆန္ဒမရှိဘူးလို့ သတင်းထွက်လာပါတယ်။
ပဲလေစ့် ကစားသမား အိုလစ်ကို ခေါ်ယူရေးအတွက် ချယ်ဆီးဟာ ကစားသမားရဲ့ အေးဂျင့်နဲ့ စတင် ချိတ်ဆက်နေပြီလို့ သိရပါတယ်။ အိုလစ် ကို ယူနိုက်တက်ကလည်း ပစ်မှတ်ထားနေတာပါ။
ဒေါ့မွန်ကို အငှားချထားတဲ့ ဆန်ချိုကို ဒီနွေမှာ အပြီးသတ် ရောင်းထုတ်လိုက်ဖို့ ယူနိုက်တက်ဘက်က ဆန္ဒရှိနေကာ ပြောင်းရွှေ့ကြေး သန်း ၄၀ ဈေးသတ်မှတ်လိုက်ပါတယ်။
မန်ယူ၊ ချယ်ဆီး၊ အာဆင်နယ် တို့နဲ့ သတင်းထွက်နေတဲ့ လိုက်ဇစ် တိုက်စစ်မှူး ဆက်ကိုဟာ မကြာခင် သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ချက် ချသွားဖို့ ရှိပါတယ်။