ဖလား ရခဲ့တဲ့ မန်ယူက အဆင့် ၂ ရခဲ့တဲ့ အာဆင်နယ်ထက် ပိုကောင်းတဲ့ ဘောလုံးရာသီ ရခဲ့တာပေါ့ ဆိုတဲ့ အူစိန်ဘော့

အိုလံပစ်ချန်ပီယံဟောင်း အူစိန်ဘော့က ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၈ သာ ရခဲ့သည့်တိုင် အဆင့် ၂ ရတဲ့ အာဆင်နယ်ထက် ပိုမိုကောင်းမွန်ရာသီ ပိုင်ဆိုင်ခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ အသင်းရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရပ်တည်မှု ဆိုးရွားခဲ့တာဖြစ်ပြီး အမှတ်ပေးဇယား ရဲ့ အဆင့် ၈ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အမှတ်ပေးဖလားပြိုင်ပွဲရဲ့ နောက်ဆုံးအပတ်မှာ ချန်ပီယံမန်စီးတီးနဲ့ နှစ်မှတ်အကွာနဲ့ ရာသီပိတ်သိမ်းခဲ့ပါတယ်။

ဘယ်အသင်းက ပိုအောင်မြင်တဲ့ရာသီကို ပိုင်ဆိုင်ခဲ့သလဲလို့မေးတဲ့အခါ TalkSPORT သို့ အူစိန်ဘော့က “ဒါက ပြောရရင် ကျနော် ပြေးလမ်းကြောင်းမှာ ကောင်းကောင်းလည်း ပြေးနိုင်တယ် ၊ ချန်ပီယံရှစ်ကိုလည်း ရောက်တယ် ၊ ဒါပေမဲ့ ဘာဆုတံဆိပ် မရသလိုပါပဲ။

ယူနိုက်တက်က အဆင့် ၈ နေရာ ရခဲ့လို့ လုံလောက်မှု မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဥရောပဝင်ခွင့်မှာ ရှိပါတယ်။ အာဆင်နယ်နဲ့ မန်စီးတီးတို့ထက် ပရီးမီးယားလိဂ်မှာ ဘယ်အသင်းကို ရစေချင်လဲလို့ ကျွန်တော့်ကိုမေးကြပါတယ်။ မန်စီးတီးကို ရွေးချယ်ရတာက လွယ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေရဲ့အကြောင်းကို ကျွန်တော်သိပါတယ်။ သူတို့တွေက အမှတ်ပေးဇယားရဲ့ထိပ်မှာ ရှိနေတဲ့အချိန် အများကြီးပြောခဲ့ကြပြီး ဆုဖလားတော့ မရရှိခဲ့ပါဘူး။ ရာသီကုန်ချိန်မှာ သူတို့ ဘာဖလားမှ မရခဲ့ပါဘူး၊ ပြီးဆုံးသွားပါပြီ”လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ INEOS ရဲ့ ပထမဆုံး အပြောင်းအရွှေ့ဈေးကွက်မှာ ကလပ်ရဲ့ဘောလုံးဆိုင်ရာလုပ်ဆောင်ချက်များကို တာဝန်ယူဖို့ ပြင်ဆင်နေတာကြောင့် စိတ်ပျက်စရာကောင်းတဲ့ ပရီးမီးယားလိဂ်ရာသီအပြီးမှာ အလုပ်ရှုပ်မယ့်နွေရာသီကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ကွင်းထဲမှာ ကစားသမားအဝင်အထွက်တွေ အများကြီးရှိလာဖို့ မျှော်လင့်ထားပေမယ့် ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ပထမဆုံးသော့ချက်ကတော့ နည်းပြတန်ဟက်အပေါ် ဆုံးဖြတ်ချက်ချဖို့ဖြစ်ပါတယ်။