ရော်နယ်ဒို ဂျူဗင်တပ်ကနေ မြန်မြန်ထွက်လေ ကောင်းလေပဲ ဆိုတဲ့ အသင်းဥက္ကဌဟောင်း

ဂျူဗင်တပ် အသင်းဥက္ကဌဟောင်း ဂျီယိုဗန်နီကိုဘိုလီဂီဂလီက ဂျူဗီအနေနဲ့ စီးရီးအေဖလားကို ပြန်လည်ရယူလိုပါက ဈေးကွက်မပိတ်ခင်မှာ ရော်နယ်ဒိုကို ရောင်းချသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၁၈-၁၉ မှာ ရီးရဲလ်ကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၃ နှစ်ဆက်တိုက် အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ကာ စီးရီးအေဖလားကို ၂နှစ်ဆက်တိုက်ရရှိခဲ့ပါတယ်။

လက်ရှိမှာ ရော်နယ်ဒိုက စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုထားခြင်းမရှိသေးသူဖြစ်ပါတယ်။ ပေါ်တူဂီသား တိုက်စစ်မှူးဟာ အသင်းတွင်း အဆင်မပြေ ဖြစ်နေပြီး အူဒီးနီးနဲ့ပွဲမှာ အရန် ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ပါတယ်။ အသက် ၃၆ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုကို မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် လို့လည်း သိရပါတယ်။

၂၀၀၆ ကနေ ၂၀၀၉ အထိ ဂျူဗီဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဂီဂလီက “သူက ကြီးကျယ်ခမ်းနားတဲ့ကစားသမားပါ၊ ဒါပေမယ့်လည်း ကျွန်တော် ရိုးရိုးသားသားပြောမယ်နော်၊ သူ မြန်မြန်ထွက်သွားလေကောင်းလေပဲ၊ အဲဒါက ဂျူဗီအတွက် ပိုပြီးတော့ကောင်းပါတယ်၊ အယ်လီဂရီ အနေနဲ့လည်း အူဒီးနီးနဲ့ပွဲမှာ သူ့ကိုအသုံးပြုခဲ့သလိုမျိုး ဘယ်လိုဆက်လုပ်ရမလဲ သိမယ်လို့ မျှော်လင့်ပါတယ်၊

ရော်နယ်ဒိုက ဂျူဗီ တိုက်စစ်အတွက် အဟန့်အတား ဖြစ်နေပါတယ်။ သူ မရှိတော့ဘူးဆိုရင် သူတို့အသင်း တိုက်စစ်ပိုင်းက စုပေါင်းအင်အားနဲ့ အရမ်း ကောင်းတဲ့အရာတွေကို လုပ်နိုင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာလည်း ရော်နယ်ဒိုဟာ မန်စီးတီးနဲ့ ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး သူ့ရဲ့အနာဂတ်က လှုပ်ခတ်နေကာ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးနေ့ရက်အထိ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

ZG

ဂ်ဴဗင္တပ္ အသင္းဥကၠဌေဟာင္း ဂ်ီယိုဗန္နီကိုဘိုလီဂီဂလီက ဂ်ဴဗီအေနနဲ႔ စီးရီးေအဖလားကို ျပန္လည္ရယူလိုပါက ေစ်းကြက္မပိတ္ခင္မွာ ေရာ္နယ္ဒိုကို ေရာင္းခ်သင့္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။

​ေရာ္နယ္ဒိုဟာ ၂၀၁၈-၁၉ မွာ ရီးရဲလ္ကေန ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ၃ ႏွစ္ဆက္တိုက္ အသင္းရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့ကာ စီးရီးေအဖလားကို ၂ႏွစ္ဆက္တိုက္ရရွိခဲ့ပါတယ္။

လက္ရွိမွာ ေရာ္နယ္ဒိုက စာခ်ဳပ္သက္တမ္း ​ေနာက္ဆုံးႏွစ္ကို ေရာက္ရွိေနၿပီျဖစ္ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားျခင္းမရွိေသးသူျဖစ္ပါတယ္။ ေပၚတူဂီသား တိုက္စစ္မႉးဟာ အသင္းတြင္း အဆင္မေျပ ျဖစ္ေနၿပီး အူဒီးနီးနဲ႔ပြဲမွာ အရန္ ကစားသမားအျဖစ္နဲ႔သာ ပါဝင္ခဲ့ပါတယ္။ အသက္ ၃၆ ႏွစ္ အ႐ြယ္ ရွိၿပီျဖစ္တဲ့ ေရာ္နယ္ဒိုကို မန္စီးတီးနဲ႔ ပီအက္စ္ဂ်ီတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတယ္ လို႔လည္း သိရပါတယ္။

၂၀၀၆ ကေန ၂၀၀၉ အထိ ဂ်ဴဗီဥကၠဌအျဖစ္ တာဝန္ယူခဲ့တဲ့ ဂီဂလီက “သူက ႀကီးက်ယ္ခမ္းနားတဲ့ကစားသမားပါ၊ ဒါေပမယ့္လည္း ကြၽန္ေတာ္ ႐ိုး႐ိုးသားသားေျပာမယ္ေနာ္၊ သူ ျမန္ျမန္ထြက္သြားေလေကာင္းေလပဲ၊ အဲဒါက ဂ်ဴဗီအတြက္ ပိုၿပီးေတာ့ေကာင္းပါတယ္၊ အယ္လီဂရီ အေနနဲ႔လည္း အူဒီးနီးနဲ႔ပြဲမွာ သူ႔ကိုအသုံးျပဳခဲ့သလိုမ်ိဳး ဘယ္လိုဆက္လုပ္ရမလဲ သိမယ္လို႔ ေမွ်ာ္လင့္ပါတယ္၊

​ေရာ္နယ္ဒိုက ဂ်ဴဗီ တိုက္စစ္အတြက္ အဟန႔္အတား ျဖစ္ေနပါတယ္။ သူ မရွိေတာ့ဘူးဆိုရင္ သူတို႔အသင္း တိုက္စစ္ပိုင္းက စုေပါင္းအင္အားနဲ႔ အရမ္း ေကာငး္တဲ့အရာေတြကို လုပ္ႏိုင္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

လက္ရွိမွာလည္း ေရာ္နယ္ဒိုဟာ မန္စီးတီးနဲ႔ ခ်ိတ္ဆက္ေနတယ္လို႔ သတင္းေတြထြက္ေပၚေနၿပီး သူ႔ရဲ႕အနာဂတ္က လႈပ္ခတ္ေနကာ အေျပာင္းအေ႐ႊ႕ ေစ်းကြက္ ေနာက္ဆုံးေန႔ရက္အထိ ေစာင့္ၾကည့္ရဖို႔ ရွိေနပါတယ္။