ဘရိတ်ဝိတ် ဇာတ်လမ်းစုံ၊ ဒီလစ်ကို ချိန်ရွယ်ခြင်း၊ အိုင်ဗန် တိုနေး၊ Not for sales ၆ ဦး သတ်မှတ်ထားခြင်းနဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းထူးများ
မန်ချက်စတာ ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရထားတဲ့ ခံစစ်မှူး ဘရိတ်ဝိတ်အတွက် အဲဗာတန်ဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀-၈၀ ကြား အလိုရှိနေပါတယ်။
ယူနိုက်တက် ဘက်ကတော့ ဘရိတ်ဝိတ် အတွက် ကနဦး ကမ်းလှမ်းမှု အဖြစ် ပေါင် ၃၅ သန်းနဲ့ စတင် ကမ်းလှမ်းထားပြီး အဲဗာတန်က ချက်ချင်း ပယ်ချထားပါတယ်။

ဘရန့်ဖိုဒ့်အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူး တိုနေးအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ မှ မရရင် ရောင်းထုတ်ပေးမှာ မဟုတ်ပါဘူး။ ယူနိုက်တက် ပစ်မှတ် စာရင်းထဲမှာ ပါဝင်နေတဲ့ တိုနေးကတော့ ဒီနွေမှာ အသင်းပြောင်းလိုနေပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဗဟိုခံစစ်မှူးသစ် ခေါ်ယူလိုနေပြီး ဘိုင်ယန်မြူးနစ်မှာ အဆင်မပြေဖြစ်နေတဲ့ ဒီလစ်ကို ချိန်ရွယ် လာပါတယ်။
မန်ယူအသင်းဟာ ယခုနွေမှာ အသင်းမှ လုံးဝရောင်းချခွင့် မရှိတဲ့ ကစားသမား ၆ ဉီးကို သီးသန့် သက်မှတ်ထားကြောင်း သတင်းရရှိပါတယ်။
ယူနိုက်တက် လူငယ်ကစားသမားလေး ဆေးလ်ဗားမက်စ်ဟာ မီတာ ၁၀၀ ကို ၁၁.၁ စက္ကန့်အတွင်း ရောက်ရှိအောင်ပြေးနိုင်ခဲ့ပြီး အဆိုပါ အပြေး ဗီဒီယိုကို လူမှုကွန်ယက်မှာ တင်လိုက်ရာ ချီးကျူးမှုတွေ များစွာ ရှိနေပါတယ်။
လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ဖြစ်မယ် ရေပန်းစားနေတဲ့ လိုင်လီခံစစ်မှူး ယိုရိုကို ခေါ်ယူဖို့ရာ ပစ်မှတ်ထားလာနေပါတယ်။