ရူဒီဂါနဲ့ ခရစ္စတန်ဆန် ၊ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေမယ့် ကွင်းလယ်အတွဲနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
ဘာစီလိုနာနည်းပြသစ် ဇာဗီအနေနဲ့ ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကို ခေါ်ယူဖို့ မျက်စီကျလျက် ရှိနေပါတယ်။ ခရစ္စတန်ဆန် အနေနဲ့ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ အဆင်မပြေဖြစ်လျက် ရှိနေတာဖြစ်ပါတယ်။
ချဲလ်ဆီးနည်းပြ တူချယ်ကတော့ လက်စတာကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ကွင်းလယ်လူ ကန်တီကို ချီးကျူးခဲ့ပြီး ကန်တီရဲ့ သွင်းဂိုးဟာ အလွန် အံ့အားသင့်ဖွယ် ကောင်းကြောင်း၊ ကန်တီလို ကစားသမားမျိုး ပိုင်ဆိုင်ထားရတာ ပျော်ရွှင်မိကြောင်း ဆိုခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အနေနဲ့ ချဲလ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေကြောင်း Fichajes က ဖော်ပြထားပါတယ်။ မေဆန်မောင့်အနေနဲ့ စာချုပ်သစ်အတွက် ချဲလ်ဆီးနဲ့ ညှိနှိုင်းမရဖြစ်နေပြီး အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာပါ။
ရီးရဲမက်ဒရစ်အနေနဲ့ ဘိုင်ယန်မြူးနစ်ကို အလဲထိုးပြီး ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို လက်ဦးမှု ယူ ခေါ်ဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ မာကာရဲ့ ဖော်ပြချက်အရ ရီးရဲအနေနဲ့ ရူဒီဂါကို မက်မောဖွယ်ရာ လစာမျိုးပေးသွားမယ်လို့ သိရပါတ်ယ။
ချဲလ်ဆီး ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာလူငယ်ကြယ်ပွင့် ဂါဗီ က လာလီဂါကလပ် ကနေ ထွက်ခွာဖို့ စိတ်ဝင်စားခြင်း မရှိကြောင်း သိရပါတယ်။ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာအနေနဲ့ ဂါဗီကိုစာချုပ်သက်တမ်းတိုးမြှင့်နိုင်ဖို့ ကြိုးပမ်းလျက် ရှိနေတာပါ။

ဂျော်ဂျင်ဟိုနဲ့ ကန်တီတို့ရဲ့ကွင်းလယ်အတွဲဟာ ချဲလ်ဆီးကို ပရီးမီးယားလိဂ် ချန်ပီယံဆု ရအောင် ပြုလုပ်ပေးမဲ့ ကစားသမားတွေ ဖြစ်ကြကြောင်း ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ အလန်ရှီးယားကတော့ ဆိုခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားကို မကြာခင် စာချုပ်သက်တမ်းတုးိမြှင့်နိုင်မှာဖြစ်ကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ ချဲလ်ဆီးအနေနဲ့ သီယာဂိုဆေးလ်ဗားကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးမြှင့်သွားမှာ ဖြစ်ပါတယ်။