ဆိုးရှားနေရာ မန်ယူ ဘယ်သူ့ခန့်ရမလဲ အကြံပေးသလိုနဲ့ အချွန်နဲ့ မ နေတဲ့ ဆိုးလ် ကမ်းဘဲလ်

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဆိုးလ်ရှားရဲ့နေရာမှာ အစားထိုးဖို့ စတိဗ် ဘရုစ်ကို ခန့်အပ်သင့်တယ်ဆိုပြီး ဆိုးလ် ကမ်းဘဲလ်က အကြံပေးခဲ့ပါတယ်။ မန်ယူအသင်းဟာ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နောက်ခံလူဟောင်း ကမ်းဘဲလ်က နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူနိုက်တက်ကို လက်ရှိ အခြေအနေအရ စတိဗ် ဘရုစ်ကို ရာသီကုန်ထိ ခန့်အပ်သင့်ကြောင်း ထောက်ခံပြောကြားခဲ့ပါတယ်။

ကမ်းဘဲလ်က “ခုက တော်တော်ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ သူတို့ ဒီတိုင်းဆက်သွားမလား ပြောင်းလဲ မလား ဆိုတာပါပဲ။ သူတို့ ပြောင်းလဲရင် ငွေတော်တော်ကုန်မှာပါ။ အိုလီနောက်ပိုင်း တစ်ယောက်ယောက်ကို ဈေးကြီးပေးပြီး ခေါ်ရမှာပါ”

“သူတို့မှာ သုံးစရာ ငွေအများကြီး ရှိတယ်ဆိုတာ ဆိုပေမဲ့ စာအုပ်ထဲ ပြန်ကြည့်ပြီး သူတို့ဘယ်နေရာလဲဆိုတာ သိသင့်ပါတယ်။ စတိဗ် ဘရုစ်ရော အဆင်ပြေမလား။ ၆လလောက်လေ။ ဘာဖြစ်မလဲ ဘယ်သူမှ မသိပါဘူး”

“ဒါပေမဲ့ သူတို့ ဒီတိုင်း ဆက်သွားမလား၊ ပြောင်းလဲမလားဆိုတာ ဆုံးဖြတ်ရမယ့်အချိန်ပါပဲ။ သူတို့ ဘာလုပ်လုပ် မှားသွားတာလည်း ဖြစ်နိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

စတိဗ် ဘရုစ်ဟာ ပြီးခဲ့တဲ့လ နယူးကာဆယ်ကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပေါင် ၈သန်း လျော်ကြေးရခဲ့ပြီး နည်းပြ ဘ၀ ကနေ အနားယူနိုင်ကြောင်း အရိပ်အမြွက် ဆိုထားပါတယ်။

ZG

မန္ခ်က္စတာ ယူႏိုက္တက္အေနနဲ႔ ဆိုးလ္ရွားရဲ႕ေနရာမွာ အစားထိုးဖို႔ စတိဗ္ ဘ႐ုစ္ကို ခန႔္အပ္သင့္တယ္ဆိုၿပီး ဆိုးလ္ ကမ္းဘဲလ္က အႀကံေပးခဲ့ပါတယ္။ မန္ယူအသင္းဟာ ဆိုးလ္ရွားကို ထုတ္ပယ္ခဲ့ၿပီးေနာက္ နည္းျပသစ္ ရွာေဖြေနခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္ေနာက္ခံလူေဟာင္း ကမ္းဘဲလ္က နည္းျပသစ္ ရွာေဖြေနတဲ့ မန္ယူႏိုက္တက္ကို လက္ရွိ အေျခအေနအရ စတိဗ္ ဘ႐ုစ္ကို ရာသီကုန္ထိ ခန႔္အပ္သင့္ေၾကာင္း ေထာက္ခံေျပာၾကားခဲ့ပါတယ္။

ကမ္းဘဲလ္က “ခုက ေတာ္ေတာ္ရႈပ္ေထြးတဲ့ အေျခအေန ျဖစ္ပါတယ္။ သူတို႔ ဒီတိုင္းဆက္သြားမလား ေျပာင္းလဲ မလား ဆိုတာပါပဲ။ သူတို႔ ေျပာင္းလဲရင္ ေငြေတာ္ေတာ္ကုန္မွာပါ။ အိုလီေနာက္ပိုင္း တစ္ေယာက္ေယာက္ကို ေစ်းႀကီးေပးၿပီး ေခၚရမွာပါ”

“သူတို႔မွာ သုံးစရာ ေငြအမ်ားႀကီး ရွိတယ္ဆိုတာ ဆိုေပမဲ့ စာအုပ္ထဲ ျပန္ၾကည့္ၿပီး သူတို႔ဘယ္ေနရာလဲဆိုတာ သိသင့္ပါတယ္။ စတိဗ္ ဘ႐ုစ္ေရာ အဆင္ေျပမလား။ ၆လေလာက္ေလ။ ဘာျဖစ္မလဲ ဘယ္သူမွ မသိပါဘူး”

“ဒါေပမဲ့ သူတို႔ ဒီတိုင္း ဆက္သြားမလား၊ ေျပာင္းလဲမလားဆိုတာ ဆုံးျဖတ္ရမယ့္အခ်ိန္ပါပဲ။ သူတို႔ ဘာလုပ္လုပ္ မွားသြားတာလည္း ျဖစ္ႏိုင္ပါတယ္”လို႔ ေျပာခဲ့ပါတယ္။

စတိဗ္ ဘ႐ုစ္ဟာ ၿပီးခဲ့တဲ့လ နယူးကာဆယ္ကေန ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ေပါင္ ၈သန္း ေလ်ာ္ေၾကးရခဲ့ၿပီး နည္းျပ ဘ၀ ကေန အနားယူႏိုင္ေၾကာင္း အရိပ္အႁမြက္ ဆိုထားပါတယ္။