အသင်းဖော် မိုင်နူးနဲ့ မျက်နှာပျက်ရနိုင်တဲ့ အရေးကနေ ရှောင်လွှဲနိုင်ခဲ့လို့ ကျေနပ်နေတဲ့ တိုက်စစ်မှုး ဟွိုက်လန်း
မန်ချက်စတာ ယူနိုက်တက်နဲ့ ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှုး ဟွိုင်လန်းကတော့ အင်္ဂလန်အသင်းနဲ့ ဒိန်းမတ် သရေကျခဲ့ပြီးနောက် ယူနိုက်တက်အသင်းဖော် ကိုဘီ မိန်နူးနဲ့ မျက်နှာပျက်ရနိုင်တဲ့ ကသိကအောက် အခြေအနေကို ရှောင်ရှားနိုင်ခဲ့လို့ ဝမ်းမြောက်နေပါတယ်။
ဟွိုက်လန်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ပေါင် ၇၂ သန်းနဲ့ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိ ယူရိုပြိုင်ပွဲဝင် ဒိန်းမတ် အသင်းမှာလည်း ပါဝင် ကစားနေတာ ဖြစ်ပါတယ်။

တဖက်မှာတော့ မိုင်နူးတစ်ယောက် အင်္ဂလန်အသင်းအတွက် ပါဝင်ခွင့်မရခဲ့ပဲ ဆောက်ဂိတ်က အရန်ခုံမှာပဲ ဆက်ထားခဲ့တာဖြစ်ပါတယ်။
ဟွိုက်လန်းက ယူနိုက်တက်မှာ မီနူးနဲ့အတူ အတွဲညီခဲ့ပြီး ရာသီကောင်းတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ “မိုင်နူးနဲ့ ကသိကအောက်ဖြစ်စရာအခြေအနေကိုတော့ ရှောင်ရှားနိုင်ခဲ့ပါတယ်”လို့ ဟွိုက်လန်းက ပြောကြားခဲ့ပါတယ်။
မိုင်နူးဟာ ပေါလ်စခိုးလ်၊ ဆီးဒေါ့ဖ်တို့နဲ့ ဆင်တူတယ်လို့ ခိုင်းနှိုင်းခံနေရပြီး ယူနိုက်တက်မှာ ကြီးမားတဲ့ အနာဂတ် ရှိနေတယ် လို့ ထင်ကြေးပေးခံနေရပါတယ်။
ဟွိုက်လန်းကတော့ အင်္ဂလန်နဲ့ပွဲမှာ ပါဝင်ခွင့်ရတဲ့ တစ်ဦးတည်းသော ယူနိုက်တက် ကစားသမား မဟုတ်ဘဲ ဒိန်းမတ်အသင်းဖော် အဲရစ်ဆင်လည်း ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းမှ ာပုံမှန်ပါဝင်ခွင့်ရနေတဲ့ ရက်ရှ်ဖို့ဒ်နဲ့ မက်ဂွဲရားတို့ မပါဝင်လာပဲ လုခ်ရှောကလည်း ဒဏ်ရာကြောင့် အင်္ဂလန် လူစာရင်းမှာ ပါဝင်လာပေမယ့် တစ်ပွဲမှ ပါဝင်ခွင့်မရသေးပါဘူး။