ပြန်လာတော့မယ့် လူကာကူ၊ လီဗာပူး လိုအပ်ချက်၊ ရီနာတိုဆန်းချက်စ်၊ ပါရီဒက်စ်တို့နဲ့ နံနက်ခင်း သတင်းများ
ချဲလ်ဆီးနည်းပြ တူချယ်ကတော့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူးလူကာကူဟာ ဂျူဗင်တပ်နဲ့ ယှဉ်ပြိုင်မဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်ပါလာနိုင်ကြောင်း၊ လေ့ကျင့်ခန်း အစီအစဉ်မှာလူကာကူရဲ့ အခြေအနေဟာ ကောင်းမွန်မှု ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
မန်ယူနိုက်တက်ကနေ ဆိုးရှားရဲ့ ထုတ်ပယ်ခံရမှုအပြီး ကလပ်ဟာ ၂၀၁၃ မှာ ဖာဂူဆန် ထွက်သွားပြီးနောက်ပိုင်း နည်းပြတွေကို ထုတ်ပယ်မှုအတွက် စုစုပေါင်း ပေါင် ၃၈ သန်း ကုန်ကျခဲ့ရပြီး ဖြစ်ပါတယ်။
မန်စီးတီး၊ ချယ်ဆီးတို့ကို ယှဉ်ပြိုင်ဖို့ လီဗာပူးအသင်းရဲ့ အဓိက အားနည်းချက်ဟာ အရန်လူစာရင်း မတောင့်တင်းမှု ဖြစ်သလို ဘဏ္ဍာရေးပိုင်း သုံးစွဲနိုင်မှုအပိုင်းပဲဖြစ်တယ်လို့ ဂယ်ရီနဗီးက ထောက်ပြပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီကတော့ တိုက်စစ်မှူး အဂူရိုအနေနဲ့ ဘောလုံးလောကနေ အနားယူတော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။ အဂူရိုက သူ့ကို အနားယူတော့မယ်ဆိုပြီး မပြောထားကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး အဂူရိုအနေနဲ့ အေးဆေးတည်ငြိမ်လျက်ရှိကြောင်း ဇာဗီက ဆိုခဲ့တာပါ။
အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ လိုင်လီကွင်းလယ်လူ ရီနာတိုဆန်းချက်စ်က သူ့အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ မီလန်နဲ့ အာဆင်နယ်တို့ဟာ မိမိကိုစိတ်ဝင်စားနေတာဖြစ်နိုင်ကြောင်း၊ သူတို့နှစ်သင်းစလုံးဟာ အဆင့်အတန်းမြင့်မားကြပြီး အကောင်းဆုံး ရွေးချယ်မှုကို ပြုလုပ်သွားမှာဖြစ်ကြောင်း ဖွင့်ဟ၀န်ခံလိုက်ပါတယ်။
ရိုးမားနဲ့ ဂျူဗင်တပ်တို့အနေနဲ့ ပီအက်စ်ဂျီကွင်းလယ်လူ ပါရီဒက်စ်ကို ခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးပမ်းလျက် ရှိနေပါတယ်။ ပါရီဒက်စ်ရဲ့ စာချုပ်သက်တမ်းဟာ ၁၈ လသာကျန်ရှိတော့ပြီး အဆိုပါ အသင်းနှစ်သင်းလုံးက သူ့ကို ဇန်န၀ါရီမှာ ခေါ်ယူလိုနေတာပါ။
အင်္ဂလန်လက်ရွေးစင်အသင်းဟာ သူတို့ရဲ့နည်းပြဆောက်ဂိတ်ကို ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်လိုက်ပြီ ဖြစ်ပါတယ်။ ဆောက်ဂိတ်အနေနဲ့ အင်္ဂလန်ကို ကိုင်တွယ်တာ ဒီလကုန်ဆို ၅နှစ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ သက်တမ်းတိုးနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိကြောင်း ဆောက်ဂိတ်က ဖွင့်ဟခဲ့ပါတယ်။

ဗီလာရီးရဲနည်းပြ အမ်မရီက သူ့အနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ မန်ယူနည်းပြဆိုးလ်ရှာအပေါ် များစွာ လေးစားမှုရှိကြောင်း၊ ဒီလိုအခြေအနေမျိုးမှာ မန်ယူရဲ့ ရုန်းထနိုင်မှုကို မိမိတို့အနေနဲ့သတိပြုရမှာဖြစ်ကြောင်း မန်ယူနဲ့ ကစားရမဲ့ ချန်ပီယံလိဂ်ပွဲအတွက် ကစားသမားတွေကို သတိပေးခဲ့ပါတယ်။
အာဆင်နယ်၊ စပါး၊ နယူးကာဆယ်တို့ဟာ အာရွန် ရမ်ဆေးကို အလိုရှိနေပြီး ဝေးလ်ကွင်းလယ်လူဟာ ဇန်နဝါရီမှာ ဂျူဗင်တပ်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။