ဝင်ငွေတိုးအောင် အိုးထရက်ဖို့ဒ် ကွင်း နာမည်ကို ရောင်းဖို့ ပလန်ချနေတဲ့ မန်ယူနိုက်တက် တာဝန်ရှိသူများ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ်ကွင်းကြီးကို ပြန်လည် ပြုပြင် တည်ဆောက်မလား၊ အသစ် တည်ဆောက်မလား စဉ်းစားနေသလို ကွင်းနာမည်ကို ရောင်းချဖို့လည်း စဉ်းစားနေကြောင်း သတင်းထွက် လာပါတယ်။

ပူးတွဲပိုင်ရှင် အဖြစ် ယူနိုက်တက်မှာ ရှယ်ယာရှင်သစ် ဆာဂျင်ရက်ကလစ်တို့ ရောက်လာတဲ့နောက် ယူနိုက်တက်ဟာ အိမ်ကွင်း တည်ဆောက်ရေး ကိစ္စတွေကို နည်းလမ်း ၂ ခုလုံးနဲ့ စဉ်းစားနေတာပါ။

အိမ်ကွင်းကို ဘယ်လိုပဲ ပြုပြင်သည်ဖြစ်စေ ကွင်းနာမည် ရောင်းချခြင်းကလည်း ထည့်သွင်း စဉ်းစားစရာ ကိစ္စအဖြစ် ယူနိုက်တက် အကြီးအကဲတွေ ထည့်သွင်း လာပါတယ်။

စပွန်ဆာကုမ္ပဏီနာမည်ကို အိမ်ကွင်းနာမည်နဲ့ လက်မှတ်တွေမှာ ထည့်သွင်းဖို့ကို ရွေးချယ်စရာအဖြစ် သုံးသပ်နေရာမှာ အိုးထရတ်ဖို့ဒ်ဆိုတဲ့ နာမည်ကိုတော့ မဖြုတ်ဖို့ လျာထားပါတယ်။

ဥပမာ အားဖြင့် Emirates Old Trafford လို့ အမည်ပြောင်းဖို့က ရွေးချယ်စရာဖြစ်ကြောင်း စကိုင်းစပေါ့ သတင်းဌာနက ဖော်ပြလာခဲ့တယ်။

ဘဏ္ဍာရေးပိုင်းမှာ တည်ငြိမ်မှုတွေ မရှိသေးတာကြောင့် ရွေးချယ်စရာ အားလုံးကို ထည့်စဉ်းစားဖို့ လုပ်ဆောင်နေခြင်းပဲဖြစ်ပြီး အပြီးသတ် ဆုံးဖြတ်ချက်တော့ လုပ်ဆောင်ရခြင်း မရှိသေးပါဘူး။

ကွင်းသစ် တည်ဆောက်ဖို့ပဲ ရွေးချယ်ခဲ့ရင်တောင် အိုးထရတ်ဖို့ဒ် ဆိုတဲ့ နာမည်ကို ဆက်သုံးဖို့ပါ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။