လာမယ့် ရာသီ မန်ယူက အာဆင်နယ် ရှေ့ရောက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရမယ် ဆိုတဲ့ အေအိုင် ဟောကိန်း
လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီသစ် အတွက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဘယ်လို ထွက်ပေါ်လာမလဲ ဆိုတာ နောက်ဆုံးပေါ် AI နည်းပညာကနေ တွက်ထုတ် ခန့်မှန်းချက် ထွက်ပေါ်လာခဲ့ပါတယ်။
AI ခန့်မှန်းချက်မှာ မန်ချက်စတာ ယူနိုက်တက်က ထိပ်ဆုံး ၄သင်းထဲ ဝင်မှာ ဆိုထားပြီး အံ့အားသင့်စရာ ဖြစ်လာတာကတော့ အာဆင်နယ် အသင်းက အဆင့် ၄ အပြင်ရောက်သွားမယ် လို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် မန်စီးတီးကို ဖိအားပေးကာ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်နေတဲ့ အာဆင်နယ် အသင်းဟာ ဒီတကြိမ်မှာတော့ Top 4 အပြင် ရောက်သွားပြီး အဆင့် ၅ ရမယ် လို့ AI က ဖော်ပြလာပါတယ်။
အာဆင်နယ်ရဲ့ ရှေ့မှာ မန်ချက်စတာ ယူနိုက်တက်က ၇၅ မှတ် နဲ့ အဆင့် ၄ နေရာကို ရမှာ ဖြစ်ကာ ပြင်ဆင်မှု အသစ်တွေနဲ့ ချယ်ဆီးအသင်းက ရမှတ် ၇၈ မှတ်၊ အဆင့် ၃ ရရှိမယ် လို့ ဆိုပါတယ်။
ဒုတိယ နေရာမှာတော့ လီဗာပူး ရှိမှာ ဖြစ်ကာ ပရီးမီးယားလိဂ် သရဖူကိုတော့ မန်ချက်စတာ စီးတီးကပဲ ၅ နှစ် ဆက်တိုက် အဖြစ် ဆွတ်ခူးသွားဖို့ ရှိတယ် ဖော်ပြသွားပါတယ်။ တော့တင်ဟမ် စပါး အသင်းကတော့ အဆင့် ၆ ဖြစ်ကာ ယူရိုပါလိဂ်နဲ့ပဲ ကျေနပ်ရမယ်လို့ ဆိုပါတယ်။
တန်းဆင်းဇုန်မှာတော့ အစ်ဝစ်ချ် တောင်း၊ ဘုန်းမောက်နဲ့ ဆောက်သမ်တန်တို့ ၃ သင်း ရှိမှာ ဖြစ်ပြီး ချန်ပီယံ ရှစ် သို့ ပြန်သွားရမယ်လို့ AI က ခန့်မှန်းထားပါတယ်။