ဆွစ်နဲ့ ကွာတားဖိုင်နယ်ပွဲမှာ မိုင်နူးနဲ့ အင်္ဂလန်သား ၄ ဦး အဝါကတ် ထပ် အပြမခံရအောင် ရှောင် ကစားရပါတော့မယ်
အင်္ဂလန် အသင်းဟာ ယူရိုပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်မှာမှာ အီတလီကို ကျော်ဖြတ်တက်လာတဲ့ ဆွစ်ဇာလန်အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။
အင်္ဂလန် vs ဆွစ်ဇာလန်အတွဲက အနိုင်ရတဲ့အသင်းဟာ တဖက်က နယ်သာလန် vs တူရကီအတွဲမှာ အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ် မှာ ယှဉ်ပြိုင်ရပါမယ်။

သတိထားစရာ တစ်ခုကတော့ ဆွစ်ဇာလန်နဲ့ ကွာတားဖိုင်နယ် ပွဲမှာ မိုင်နူး အပါအဝင် အင်္ဂလန်ကစားသမား ၅ ဦးက အဝါကတ် အပြမခံရအောင် ရှောင် ကစားရတော့မှာပါ။
အဝါကတ် တစ်ကြိမ်စီ ထိထားတဲ့ ထို ၅ ဦးဟာ ဆွစ်ဇာလန်နဲ့ ပွဲမှာ အဝါကတ် ထပ် ပြသခံရမယ်ဆိုရင် ဆီမီးဖိုင်နယ်ပွဲကို လွဲချော်သွားဖို့ ရှိနေပါတယ်။
ထို ၅ ဦးကတော့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ကိုဘေး မိုင်နူး၊ ရီးရဲလ်မက်ဒရစ်မှ ဘယ်လင်ဟမ်၊ မန်စီးတီးမှ ဖိုဒန်၊ နယူးကာဆယ်မှ ထရစ်ပီယာ၊ ချယ်ဆီးမှ ကလယ်ဟာတို့ ဖြစ်ကြပါတယ်။
ယူအီးအက်ဖ်အေ စည်းမျဉ်းအရ ကွာတားဖိုင်နယ်အပြီးမှာ အဝါကတ်တွေကို ထည့်တွက်တော့မှာ မဟုတ်တာကြောင့် ကစားသမားတွေ ဆီမီးဖိုင်နယ်မှာ အဝါကတ် ထပ် ရလည်း ဖိုင်နယ် ကစားခွင့်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ် ဖြစ်တဲ့ ဆလိုဗက်ကီးယားနဲ့ ပွဲမှာ ပြောစရာတွေ ဖြစ်ခဲ့တဲ့ အင်္ဂလန်ကစားသမား ဘယ်လင်ဟမ်နဲ့ ရိုက်စ်တို့ဟာစည်းကမ်းပိုင်းဆိုင်ရာ အရေးယူခြင်း ခံရဖို့ မရှိပါဘူး၊ ဒါကြောင့် ဆွစ်ဇာလန်နဲ့ ကွာတားပွဲမှာ ပါဝင်လာကြမှာပါ။
ဆလိုဗက်ကီးယားပွဲမှာ ပြိုင်ပွဲအတွင်း ဒုတိယ အဝါကတ် ရခဲ့တဲ့ ခံစစ်မှူး ဂူဟီကတော့ ဒီအပတ် ဆွစ်ဇာလန်နဲ့ပွဲကို လွဲချော်သွားမှာဖြစ်ပါတယ်။
မိုင်နူးဟာ အစောပိုင်း အုပ်စုပွဲမှာတွေ မှာ ပွဲထွက်ခွင့် မရပေမယ့် ဆလိုဗက်ကီးယားနဲ့ ပွဲမှာ ပွဲထွက်ကနေ ပါဝင် ကစားခွင့် ရထားခဲ့ပါတယ်။