မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီးကို လာမယ့်ရာသီ ဥရောပ ပြိုင်ပွဲ ပါဝင်ခွင့် ခွင့်ပြုပေးလိုက်ပါပြီ

မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ဟာ ဂီရိုနာ၊ နိုက်စ်တို့နှင့် ပိုင်ရှင်တစ်ဦးတည်းလက်အောက်တွင် ရှိနေပေမဲ့လည်း လာမယ့် ရာသီမှာ ဥရောပပြိုင်ပွဲ ဝင်ပြိုင်ခွင့် ရရှိလာပါတယ်။

ဒါပေမဲ့ ယူအီးအက်ဖ်အေဟာ ယူနိုက်တက်အနေဖြင့် ပိုင်ရှင် တစ်ဦးတည်းပိုင် နိုက်စ်မှ နောက်ခံလူဂျိမ်းကလဲယားတိုဒီဘိုအား ခေါ်ယူခွင့် ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

City Football Group က မန်စီးတီးနှင့် ဂီရိုနာအား ပိုင်ဆိုင်ထားပြီး မန်ယူရဲ့ Ineos ကလည်း ယူနိုက်တက်နှင့် နိုက်စ်တို့အား ပိုင်ဆိုင်ထားပါတယ်။

ယူအီးအက်ဖ်အေရဲ့ ပိုင်ရှင်စည်းမျဉ်းအရ တစ်ဦးတည်းပိုင် အသင်း ၂ သင်းတို့ တစ်ခုတည်းသော ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရပါဘူး။

ဒါပေမဲ့လည်း City Football Group နှင့် Ineos တို့ဟာ ၎င်းတို့ပိုင် ကလပ်များအား လွတ်လပ်စွာ စီရင်လုပ်ဆောင်ပိုင်ခွင့်ပေးထားကြောင်း စစ်ဆေးတွေ့ရပြီးနောက် တူညီတဲ့ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိလာပါတယ်။

ဒါကြောင့်လည်း မန်စီးတီးနှင့် ဂီရိုနာတို့ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ယှဉ်ပြိုင်ခွင့်ရလာသလို ယူနိုက်တက်နှင့် နိုက်စ်တို့ဟာလည်း လာမယ့် ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ရလာပါတယ်။

ဒါပေမဲ့ မန်ယူနိုက်တက်နဲ့ စီးတီး ဟာ လာမယ့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ ပိုင်ရှင်တူ လက်အောက်မှ ကလပ်မှ ကစားသမားများကို ခေါ်ယူခွင့် တားဆီးခံထားရပါတယ်။ ဒါကြောင့်လည်း ယူနိုက်တက်မှာ တိုဒီဘို အား ခေါ်ယူလာနိုင်မှာ မဟုတ်ပါဘူး။