ဗန်ဒီဘိခ် အဆမတန် အရှုံးခံ ရောင်းထုတ်ခြင်း၊ အသံ ပိုထွက်လာတဲ့ ဖာနန်ဒက်စ်၊ ခြေစွမ်းပြပြန်တဲ့ မိုင်နိုးနဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ
မနေ့ညက အင်္ဂလန်နဲ့ ဆွစ်ဇာလန် တို့ ကွာတားဖိုင်နယ် ပွဲမှာ ခြေစွမ်း ထပ်မံပြသနိုင်ခဲ့တဲ့ မိုင်နိုးရဲ့ ခြေစွမ်းတွေကို ပရိသတ်တွေ အကြိုက်တွေ့နေကြပြီး မန်ယူအသင်းနောက်ခံလူဟောင်း ဖာဒီနန်ကလည်း ချီးကျူးသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အသင်း ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို ဂျီရိုနာ အသင်းထံ ယူရို ၅ သိန်းမျှနဲ့ ရောင်းချဖို့ စီစဉ်နေပါတယ်။

ဒါဟာ ဗန်ဒီဘိခ်ကို ဝယ်စဉ်ကထက် အဆ ၈၀ လောက် အရှုံးခံပြီး ပြန်လည် ရောင်းထုတ်ရတာ ဖြစ်လာမှာပါ။
မန်ချကစ်တာ ယူနိုက်တက်ဟာ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ဆော်ဒီလိဂ်ထံ ရောင်းချဖို့အား မီးစိမ်းပြသွားတော့မယ်လို့ သတင်းတွေ ပိုထွက်လာပါတယ်။
လာဇီယိုအသင်းက ပေါင် ၁၇ သန်းပဲ ပေးတဲ့ ဂရင်းဝုဒ်ကို ကြားဖြတ် ခေါ်ယူနိုင်မယ်လို့ ပြင်သစ်ကလပ် မာဆေးအသင်းက ယုံကြည်မှု ရှိလာနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ခံစစ်မှူး ဒီလစ်ကို ခေါ်ယူမှု ပြီးပြတ်အောင် လုပ်ဆောင်နိုင်မယ် ယုံကြည်ချက်ရှိနေပါတယ်။ ဘိုင်ယန်ဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ တောင်းဆိုထားတာပါ။
ယူနိုက်တက်ဟာ တိုက်စစ်မှူး ဇီရီဇီးနဲ့ ခံစစ်မှူး ဒီလစ်တို့ နှစ်ဦးလုံးအတွက် ညိနှိုင်းစကားပြောမှုမှာ အခြေအနေကောင်းကို ပိုင်ဆိုင်လာနေပါတယ်။