တိုက်စစ်မှုး ဇက်ဇီး ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တဲ့ မန်ချက်၊ အားအင်အပြည့်နဲ့ နယ်သာလန်သား ရဲ့ ဦးဆုံး မိတ်ဆက်စကား
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုလော့ညာမှ တိုက်စစ်မှုး တိုက်စစ်မှုး ဂျိုရွှာ ဇက်ဇီးကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေငြာသွားပြီ ဖြစ်ပါတယ်။
တိုက်စစ်မှုးသစ် ဇက်ဇီး က ဦးဆုံး မိတ်ဆက် အင်တာဗျူးမှာ သူ့ရဲ့ စိတ်လှုပ်ရှားမှုကို အခုလို ဖော်ထုတ် ပြောဆိုခဲ့ပါတယ်။

“မန်နေဂျာနဲ့သာမက အကြီးအကဲတွေ၊ အသင်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးတဲ့အခါ အနာဂတ်က ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းမလဲဆိုတာ သိခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက် အောင်မြင်မှုရဖို့ မစောင့်နိုင်တော့ဘူး”
“ကျွန်တော်က နိုင်ပွဲရဖို့အတွက်ဆိုရင် အရာရာကို အမြဲတမ်း မြှုပ်နှံထားတတ်တဲ့ ကစားသမားပါ။” လို့ မန်ချက်စတာယူနိုက်တက် ကစားသမားသစ် ဂျိုရွှာ ဇက်ဇီး က စာချုပ်ချုပ်ဆိုမှုအပြီးမှာ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဇက်ဇီးကို ပြောင်းရွှေ့ကြေး ပေါင် ၃၆.၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး အသက် ၂၃ နှစ် အရွယ် တိုက်စစ်မှုးနဲ့ ၅ နှစ် + ထပ်တိုး တစ်နှစ် စာချုပ် ချုပ်ဆိုခဲ့တာပါ။
ဇက်ဇီး နဲ့ ပတ်သက်လို့ ယူနိုက်တက် အားကစား ဒါရိုက်တာ အက်ရှ်ဝေါ့ ကလည်း အခုလို မှတ်ချက်ပြုခဲ့ပါတယ်။
” ဒီနွေ အတွက် ကျွန်တော်တို့တွေရဲ့ အကြီးမားဆုံးသော ကိစ္စရပ် တစ်ခုက အသင်းရဲ့ အောင်မြင်ပြီးသား တိုက်စစ်ပိုင်းမှာ တိုက်စစ်မှူး တစ်ယောက်ကို ထည့်ပေါင်းရင်း အင်အားတောင့်တင်းစေဖို့ပဲ ဖြစ်ခဲ့ရပါတယ် ”
” ဒီနွေရဲ့ အစောပိုင်း အချိန်ကာလ တစ်ခုမှာ ဇက်ဇီး လို တိုက်စစ်မှူး တစ်ယောက်ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အရမ်းပဲ ကြည်နူးမိကြပါတယ် ” လို့ ၎င်းက ဆိုခဲ့ပါတယ်။