ကမ်ဘွာလာ၊ တိုနေး၊ ယိုရို၊ ရောင်းချမယ့် ဆန်ချို၊ လင်ဒီလော့ဖ်နဲ့ ဘစ်ဆာကာ အပါအဝင် နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ
မန်ချက်စတာ ယူနိုက်တက်ဟာ ယိုရို ကို ခေါ်ယူရေးကနေ နောက်မဆုတ်သေးဘဲ အဖြေကို စောင့်ဆိုင်းနေပါတယ်။ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လိုင်လီက လက်ခံထားပေမယ့် ယိုရို ကတော့ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းဖို့သာ စိတ်အား ထက်သန်နေဆဲပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ထပ် ကစားသမား ၅ ဦးကိုလည်း အရောင်း စာရင်းသွင်းကာ ရှင်းထုတ်ဖို့ ကြိုးစားနေပါတယ်။ အဲဒီထဲမှာ လင်ဒီလော့ဖ်နဲ့ ဘစ်ဆာကာ တို့လည်း ပါဝင်နေပါတယ်။

ဗီလာ ရီးယဲ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် လူငယ်ကစားသမားလေး ဝီလီ ကမ်ဘွာလာ ကို ခေါ်ယူဖို့ ဆေးစစ်ခဲ့ပြီးပါပြီ။
ဗီလာ ရီးယဲ အသင်းဟာ ကမ်ဘွာလာ အတွက် ယူရို ၁ဝ သန်း + အပိုဆုကြေး ပေးရမှာ ဖြစ်ပြီး ယူနိုက်တက် ဖက်မှတော့ ပြန်လည် ခေါ်ယူခွင့် သို့မဟုတ် ပြန်လည် ရောင်းခဲ့ပါက ပြောင်းရွှေ့ကြေးရဲ့ အစိတ်အပိုင်းကို ပေးချေဖို့ ထည့်သွင်း ချုပ်ဆိုထားခဲ့ပါတယ်။
အာဆင်နယ်က ဘရန့်ဖို့ဒ် တိုက်စစ်မှုး အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကစားသမားကတော့ ယူနိုက်တက် ထံ ပြောင်းရွှေ့ချင်နေပါတယ်။ တိုနေးက သူ့လက်ရှိကလပ် ဘရန့်ဖို့ဒ်ကိုလည်း ဒီအကြောင်း အသိပေးထားတယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ ဆန်ချိုကို အသင်းထံ ပြန်လည် လာရောက်ပူးပေါင်းခွင့် ပြုထားပေမယ့် ရောင်းချသွားဖို့သာ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
ဒီနွေမှာ မန်ယူအသင်းမှ ထွက်ခွါသွားခဲ့တဲ့ နောက်ခံလူ ဗာရန်းတစ်ယောက် အသင်းသစ် နဲ့ လက်တွဲဖို့ အလွန်နီးစပ်နေပြီ ဖြစ်ကြောင်း သိရတယ်။
ပြီးခဲ့တဲ့ ရာသီက ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် တစ်ရာသီလုံး လွဲချော်ခဲ့ရတဲ့ ယူနိုက်တက် နောက်ခံလူ မာလာစီယာ က မြက်ခင်းစိမ်းတွေပေါ် ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။ မာလာစီယာ က တစ်ဦးတည်း ပြန်လည် လေ့ကျင့်နေတဲ့ ပုံရိပ်တွေ ယူနိုက်တက်က သတင်းတင်ထားခဲ့တာပါ။
ညက အင်္ဂလန်နဲ့ စပိန်တို့ ယူရိုဖိုင်နယ်ပွဲ မတိုင်ခင် ဘီဘီစီရဲ့ အစီအစဉ်ကနေ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် အသင်းသား လုခ်ရှော အား အသင်းပိုင်ရှင် ဆာဂျင် ရက်ကလစ်ဖ် က ” လုခ်ရေ .. မင်း တံကောက်ကြောတော့ ထပ် မထိပါစေနဲ့ကွာ.. ” လို့ ရက်ကလစ်ဖ်က ဆုတောင်း ဆန္ဒပြုစကား ဆိုခဲ့ပါတယ်။