ဂျူဗင်တပ်ကို ဂိုးအပြတ်အသတ်နဲ့ အနိုင်ယူပေးခဲ့တဲ့ ချဲလ်ဆီးအသင်းသားတွေကို တူချယ် ဂုဏ်တင်ချီးကျူး

သောမက်စ် တူချယ်က သူ့ရဲ ပွဲ၅၀ပြည့် ကိုင်တွယ်မှုမှာ ဂျူဗင်တပ် အသင်းကို ချန်ပီယံလိဂ် အုပ်စုပွဲမှာ ဂိုးပြတ် အနိုင်ယူကာ အောင်မြင်မှုရယူခဲ့တဲ့ ချဲလ်ဆီးအသင်းသားတွေကို ချီးကျူးခဲ့ပါတယ်။

ချဲလ်ဆီးဟာ တူချယ်ရဲ့ ပွဲ၅၀ပြည့်မှာ ဂျူဗင်တပ် ကို ချန်ပီယံလိဂ် အကြီးမားဆုံးရှုံးပွဲ ကြုံတွေ့စေခဲ့ပါတယ်။ လက်ရှိ ဥရောပ ချန်ပီယံ ချဲလ်ဆီးတို့ဟာ ညက ပွဲမှာ အကောင်းဆုံး ပုံစံပြခဲ့ကာ ယခုနှစ်ရာသီ ချန်ပီယံလိဂ် ဖလားကိုလည်း ကာကွယ်နိုင်တယ်ဆိုတဲ့ ပုံစံမျိုး ပြသနိုင်ခဲ့ပါတယ်။

ထို ဂိုးပြတ်နိုင်ပွဲကြောင့် ချဲလ်ဆီးဟာ အုပ်စု H ဇယားထိပ်မှာ ရပ်တည်နိုင်ခဲ့ပြီး ပထမနေရာ ကနေ နောက်တစ်ဆင့် တက်ဖို့ များသွားခဲ့ပါတယ်။

တူချယ်က “ဒီပွဲက ပွဲ၅၀ပြည့်အဖြစ် အကောင်းဆုံး ပွဲစဉ်တစ်ပွဲပါ။ တကယ့်ကို အားထုတ်မှုက ချီးကျူးစရာပါ။ ခံစစ်ပိုင်း အရမ်းကောင်းတဲ့ အသင်းကို ဂိုးတွေအများကြီး သွင်းနိုင်တာက အရမ်းမိုက်တဲ့ အောင်မြင်မှုပါ။ အဲ့ဒီ အပျော်ကြောင့် အာရုံမလွင့်ရဘူးဆိုပေမဲ့ အခုတော့ ပျော်နေပါတယ်”

“ဗုဒ္ဓဟူးနေ့က နားရက်ဖြစ်ပြီး အဲ့ဒါနဲ့ သူတို့ လုံး၀ ထိုက်တန်ကာ ကြာသပတေးမှာတော့ နောက်ပွဲအတွက် ပြင်ဆင်ကြပါတယ်။ ကျွန်တော်တို့ ကွင်းထဲ အဲ့ဒီခြေစွမ်းကို ဆက်ထိန်းမှာ ဖြစ်ပေမဲ့ ဒီပွဲမှာ အရမ်း ကောင်းသွား ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ ဂိုးတွေကိုတော့ အကယ်ဒမီထွက်တွေဖြစ်တဲ့ ချာလိုဘ၊ ရီစီဂျိမ်းစ်၊ အိုဒွိုင်းလ်တို့အပြင် ဝါနာက အပိတ်ဂိုးသွင်းယူပေးခဲ့ပါတယ်။

တူချယ်က“ဒါကအသင်းကို ထူးခြားစေတဲ့ အရာပါပဲ။ စူပါစတားတွေ၊ ပြည်ပ အကောင်းဆုံး ကစားသမားတွေနဲ့ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေ စုပေါင်းပြီး ခုအောင်ပွဲကို ရခဲ့တာပါ။ နှိမ့်ချတတ်ပြီး အရည်အချင်းပြည့်ဝတဲ့ ကစားသမားတွေ ချဲလ်ဆီးမှာ တစ်စိတ်တစ်ပိုင်း ရှိတဲ့အတွက် ကျွန်တော်လည်း ပျော်ပါတယ်။ ဒီနေ့က အကယ်ဒမီ ထွက်တွေ အတွက် အကောင်းဆုံးနေ့ တစ်နေ့ပါ”လို့ ဆိုခဲ့ပါတယ်။

ညကပွဲမှာ ဘန်ချီဝဲလ်နဲ့ ကန်တီတို့ ဒဏ်ရာရရှိခဲ့တဲ့အတွက်တော့ တနင်္ဂနွေနေ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲစဉ်အတွက် စိတ်ပူစရာ အနည်းငယ်တော့ ဖြစ်ခဲ့ပါတယ်။

ZG

ေသာမက္စ္ တူခ်ယ္က သူ႔ရဲ ပြဲ၅၀ျပည့္ ကိုင္တြယ္မႈမွာ ဂ်ဴဗင္တပ္ အသင္းကို ခ်န္ပီယံလိဂ္ အုပ္စုပြဲမွာ ဂိုးျပတ္ အႏိုင္ယူကာ ေအာင္ျမင္မႈရယူခဲ့တဲ့ ခ်ဲလ္ဆီးအသင္းသားေတြကို ခ်ီးက်ဴးခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ တူခ်ယ္ရဲ႕ ပြဲ၅၀ျပည့္မွာ ဂ်ဴဗင္တပ္ ကို ခ်န္ပီယံလိဂ္ အႀကီးမားဆုံးရႈံးပြဲ ႀကဳံေတြ႕ေစခဲ့ပါတယ္။ လက္ရွိ ဥေရာပ ခ်န္ပီယံ ခ်ဲလ္ဆီးတို႔ဟာ ညက ပြဲမွာ အေကာင္းဆုံး ပုံစံျပခဲ့ကာ ယခုႏွစ္ရာသီ ခ်န္ပီယံလိဂ္ ဖလားကိုလည္း ကာကြယ္ႏိုင္တယ္ဆိုတဲ့ ပုံစံမ်ိဳး ျပသႏိုင္ခဲ့ပါတယ္။

ထို ဂိုးျပတ္ႏိုင္ပြဲေၾကာင့္ ခ်ဲလ္ဆီးဟာ အုပ္စု H ဇယားထိပ္မွာ ရပ္တည္ႏိုင္ခဲ့ၿပီး ပထမေနရာ ကေန ေနာက္တစ္ဆင့္ တက္ဖို႔ မ်ားသြားခဲ့ပါတယ္။

တူခ်ယ္က “ဒီပြဲက ပြဲ၅၀ျပည့္အျဖစ္ အေကာင္းဆုံး ပြဲစဥ္တစ္ပြဲပါ။ တကယ့္ကို အားထုတ္မႈက ခ်ီးက်ဴးစရာပါ။ ခံစစ္ပိုင္း အရမ္းေကာင္းတဲ့ အသင္းကို ဂိုးေတြအမ်ားႀကီး သြင္းႏိုင္တာက အရမ္းမိုက္တဲ့ ေအာင္ျမင္မႈပါ။ အဲ့ဒီ အေပ်ာ္ေၾကာင့္ အာ႐ုံမလြင့္ရဘူးဆိုေပမဲ့ အခုေတာ့ ေပ်ာ္ေနပါတယ္”

“ဗုဒၶဟူးေန႔က နားရက္ျဖစ္ၿပီး အဲ့ဒါနဲ႔ သူတို႔ လုံး၀ ထိုက္တန္ကာ ၾကာသပေတးမွာေတာ့ ေနာက္ပြဲအတြက္ ျပင္ဆင္ၾကပါတယ္။ ကြၽန္ေတာ္တို႔ ကြင္းထဲ အဲ့ဒီေျခစြမ္းကို ဆက္ထိန္းမွာ ျဖစ္ေပမဲ့ ဒီပြဲမွာ အရမ္း ေကာင္းသြား ခဲ့ပါတယ္”လို႔ ေျပာခဲ့ပါတယ္။

ခ်ဲလ္ဆီးရဲ႕ ဂိုးေတြကိုေတာ့ အကယ္ဒမီထြက္ေတြျဖစ္တဲ့ ခ်ာလိုဘ၊ ရီစီဂ်ိမ္းစ္၊ အိုဒြိဳင္းလ္တို႔အျပင္ ဝါနာက အပိတ္ဂိုးသြင္းယူေပးခဲ့ပါတယ္။

တူခ်ယ္က“ဒါကအသင္းကို ထူးျခားေစတဲ့ အရာပါပဲ။ စူပါစတားေတြ၊ ျပည္ပ အေကာင္းဆုံး ကစားသမားေတြနဲ႔ အသင္းမွာ ရွိေနတဲ့ ကစားသမားေတြ စုေပါင္းၿပီး ခုေအာင္ပြဲကို ရခဲ့တာပါ။ ႏွိမ့္ခ်တတ္ၿပီး အရည္အခ်င္းျပည့္၀တဲ့ ကစားသမားေတြ ခ်ဲလ္ဆီးမွာ တစ္စိတ္တစ္ပိုင္း ရွိတဲ့အတြက္ ကြၽန္ေတာ္လည္း ေပ်ာ္ပါတယ္။ ဒီေန႔က အကယ္ဒမီ ထြက္ေတြ အတြက္ အေကာင္းဆုံးေန႔ တစ္ေန႔ပါ”လို႔ ဆိုခဲ့ပါတယ္။

ညကပြဲမွာ ဘန္ခ်ီဝဲလ္နဲ႔ ကန္တီတို႔ ဒဏ္ရာရရွိခဲ့တဲ့အတြက္ေတာ့ တနဂၤေႏြေန႔ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ပြဲစဥ္အတြက္ စိတ္ပူစရာ အနည္းငယ္ေတာ့ ျဖစ္ခဲ့ပါတယ္။