ယိုရို မန်ချက်စတာမြို့ဆီ ထွက်လာပါပြီ၊ မကြာခင် မန်ချက်စတာ ယူနိုက်တက် အသင်းသား အဖြစ် မိတ်ဆက် လာတော့မှာပါ

မန်ချက်စတာ ယူနိုက်တက် ဟာ လိုင်လီအသင်းမှ ဆယ်ကျော်သက် ခံစစ်မှူးလေး ယိုရို ကို ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။

ဒီ အပြောင်းအရွှေ့ အပြီးသတ်ဖို့ ကစားသမားက ဆေးစစ်မှု ခံယူရန် မန်ချက်စတာမြို့ထံ ထွက်လာနေပြီလို့ သိရပါတယ်။

ယူနိုက်တက်ဟာ အသက် ၁၈ နှစ်အရွယ် ခံစစ်မှူးအတွက် လိုင်လီအသင်းကို ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း ၅၀ အပြင် ထပ်ဆောင်းကြေး ယူရို ၁၂ သန်းပေးဖို့ သဘောတူညီမှု ရခဲ့ပါတယ်။

ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး အရင် သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ယိုရိုက မန်ချက်စတာ ယူနိုက်တက်ကို သွားဖို့ စဉ်းစားနေခဲ့သေးတာပါ။

ယိုရိုက လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ချင်ခဲ့ပေမယ့် ရီးရဲလ်ဘက်က တရားဝင် လှုပ်ရှားမှုကလည်း ရှိမလာတဲ့ အချိန်မှာ ယူနိုက်တက်က ယိုရိုအား အင်္ဂလန်ကို ပြောင်းလာဖို့ စည်းရုံးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာမှာ ညိနှိုင်းမှုတွေ အားလုံးကို အပြီးသတ်ကာ မကြာခင်မှာပဲ ယိုရို ကို ယူနိုက်တက် ကစားသမားသစ် အဖြစ် တရားဝင် မိတ်ဆက် ကြေညာပေးနိုင်တော့မှာ ဖြစ်ပါတယ်။