ပါသွားတဲ့ တိုဒီဘို၊ တော်မီနေး ဖူလ်ဟမ်၊ ဘစ်ဆာကာ ဝက်စ်ဟမ်း၊ ဆောက်ဂိတ်ကို မေ့လိုက်ခြင်းနဲ့ နောက်ဆုံးထွက် မန်ယူ ထူးခြား သတင်းတိုများ
ဖူလ်ဟမ်အသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ တော်မီနေးကို ပေါင် သန်း ၃၀ ဖြင့် ချိတ်ဆက်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် ပစ်မှတ်ဖြစ်တဲ့ လိုင်လီနဲ့ ပြင်သစ် ခံစစ်မှူး ယိုရိုကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီ။

ဝက်စ်ဟမ်း အသင်းဟာ ယူနိုက်တက် ညာ အစွန်လူ ဘစ်ဆာကာကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ လို့ သိရပါတယ်။
ယူနိုက်တက် တိုက်စစ်သမား ဂရင်းဝုဒ်ဟာ မာဆေး အသင်းကို ယူရို သန်း ၃၀ နဲ့တင် ပြောင်းရွှေသွားပြီ ဖြစ်ပါတယ်။ ယူနိုက်တက် ဟာ အနာဂတ် အပြောင်းအရွှေ့ကနေ အကျိုးခံစားခွင့် ရပါဦးမယ်။
ဝက်စ်ဟမ်းအသင်းဟာ နိုက်စ် ကစားသမား တိုဒီဘိုကို တစ်ရာသီ အငှားခေါ်ယူမှာဖြစ်ကာ ရာသီကုန်မှာ ယူရို ၃၆ သန်း အပြင် ထပ်ဆောင်းကြေးတွေပေးဖို့ သဘောတူညီမှု ရခဲ့ပါပြီ။ ယူနိုက်တက်ဟာ တိုဒီဘို ကို ခေါ်ယူဖို့ အဆင်ပြေခဲ့ပေမယ့် UEFA ကြောင့် လက်ရှောင်ခဲ့ရတာပါ။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမဲ့ရာသီသစ်အတွင်း ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ရပြီး နည်းပြဖြစ်သူ အဲရစ်တန်ဟက်နဲ့လမ်းခွဲဖြစ်မယ်ဆိုရင်တောင် ဆောက်ဂိတ်ကို နည်းပြခန့်ဖို့ ကြိုးပမ်းမှာ မဟုတ်တော့ပါဘူး။
ယူနိုက်တက် ဘုတ်အဖွဲ့ဟာ အဲရစ်တန်ဟက်ကို ၁ နှစ်စာချုပ်သက်တမ်းတိုးပြီးတဲ့နောက် ဆုဖလားအောင်မြင်မှု ရယူနိုင်ဖို့အတွက် အဲရစ်တန်ဟက် လိုအပ်သမျှ အရာတိုင်းကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်ထားပြီး သူ့နေရာမှာ တခြားနည်းပြတစ်ဦးနဲ့ အစားထိုးမဲ့ အစီအစဉ် မရှိတော့ဘူးလို့ သိရပါတယ်။