ဒီည ဆန်ချို ပါဝင် ကစားဖွယ်ရှိတဲ့ ခြေစမ်းပွဲ၊ တော်မီနေးနဲ့ ကာဆီမီရို၊ အူဂါတီ၊ လက်မခံနိုင် ဖြစ်နေတဲ့ မာဆေးလ်ဖန်များနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

ယူနိုက်တက်ဟာ ပီအက်စ်ဂျီ ကွင်းလယ် အူဂါတီကို ခေါ်ယူနိုင်ရေးအတွက် တော်မီနေးနဲ့ ကာဆီမီရိုတို့ နှစ်ဦးထဲက တစ်ဦးကို အပြီးသတ် ရောင်းထုတ်သွားမှာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီညမှာ စကော့တလန် ကလပ် ရိန်းဂျားစ် အသင်းနဲ့ ခြေစမ်းပွဲ ကစားမှာဖြစ်ပြီး အဆိုပါ ပွဲမှာ နည်းပြ အဲရစ်တန်ဟက် နဲ့ ပြန်လည် ပြေလည်ပြီး လေ့ကျင့်ခန်း ဆင်းခွင့် ရရှိလာခဲ့တဲ့ အင်္ဂလန် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချို ပါဝင်ကစားဖွယ် ရှိပါတယ်။

ဆန်ချို ဟာ မနှစ်က သြဂုတ်လကတည်းက မန်ယူအသင်းနဲ့ ဝေးကွာသွားခဲ့ရသူ ဖြစ်ပြီး ဇန်နဝါရီ မှာ ဒေါ့မွန် အသင်းဆီကို ကာလတို စာချုပ်နဲ့ ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပါတယ်။

စပါးအသင်းဟာ ချယ်ဆီး ကွင်းလယ်ကစားသမား ကော်နာ ဂါလက်ဂါကို ခေါ်ယူဖို့ ခက်ခဲနေရတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ စကော့တလန် ကွင်းလယ်လူ စကော့ မက် တော်မီနေးကိုပဲ ပိုမို စိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ်။

အသက် (၂၇)နှစ်အရွယ် စကော့တလန် လက်ရွေးစင် ကစားသမားဟာ ဒီနွေဈေးကွက်မှာပဲ ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိနေပြီး သူ့ကိုလည်း စပါးအပါအဝင် ကလပ်အသင်းတချို့က စိတ်ဝင်စားနေပါတယ်။

မန်ချက်စတာယူနိုက်တက် တောင်ပံတိုက်စစ်ကစားသမား ဂရင်းဝုဒ်ကို ခေါ်ယူခဲ့တဲ့ အသင်းလုပ်ရပ်အပေါ် မာဆေးလ်ပရိသတ်တွေ ဒေါသပေါက်ကွဲနေပြီး အွန်လိုင်းမှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်နေကြပါတယ်။

အသက် ၂၂ နှစ်သာရှိသေးသူ ဂရင်းဝုဒ်ကို မာဆေးလ်အသင်းဟာ ပေါင် ၂၇ သန်းနဲ့ခေါ်ယူခဲ့ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ခဲ့သလို အောင်မြင်အပေါ် မူတည်ပြီးတော့ add-ons ကြေးအဖြစ် ယူနိုက်တက်အသင်းကို ပေါင် ၃.၂ သန်း ထပ်မံ ပေးချေရမှာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ရဲ့ ဒီည ရိမ်းဂျားစ်နဲ့ ခြေစမ်းပွဲ ဟာ ဒုတိယမြောက် ပွဲစဉ်ဖြစ်ပြီး ပထမပွဲစဉ်မှာ နော်ေ၀ ကလပ် ရိုဆင်ဘော့ ကို ၁-၀ နဲ့ ရှုံးနိမ့်ထားခဲ့ ပါတယ်။ ဒီ ခြေစမ်းပွဲ ဟာ ယူနိုက်တက် ရဲ့ အမေရိက ခရီးစဉ် မတိုင်ခင် နောက်ဆုံး ကစားတဲ့ ပွဲစဉ် ဖြစ်ပြီး မကြာခင် မှာ အမေရိကန် နိုင်ငံ ကို ခရီးထွက်ခွာမှာ ဖြစ်ပါတယ်။

မန်ယူနိုက်တက် ဟာ အမေရိကန် မှာ အာဆင်နယ်၊ လီဗာပူး ၊ ဘက်တစ် အသင်းတို့နဲ့ ခြေမ်း ကစားမှာဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့မှာတော့ ပရီးမီးယားလိဂ် ရာသီကြို ကွန်မြူနတီဒိုင်း ပွဲစဉ်အဖြစ် မန်စီးတီး အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ်။