အသင်းဖော်သစ် နောက်ခံလူ ယိုရိုနဲ့ တစ်ပွဲ အတူ တွဲကစားပြီးနောက် ဂိုးသမား အိုနာနာ ဘာတွေ ပြောခဲ့သလဲ

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အိုနာနာကတော့ ပြီးခဲ့တဲ့ရက်က ရိမ်းဂျားစ်နဲ့ ခြေစမ်းပွဲမှာ အသင်းဖော်သစ် ဆယ်ကျော်သက် နောက်ခံလူ ယိုရိုရဲ့ ခြေစွမ်းကို မြင်ခဲ့ရပြီးနောက် အတော် အားရကျေနပ်နေပါတယ်။

ယိုရိုက ဒီပွဲမှာ ပထမပိုင်း ၄၅ မိနစ် ဝင်ကစားခဲ့ပြီး အများ အသိမှတ်ပြုလောက်အောင် ထူးချွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပါတယ်။ နည်းပြ တန်ဟက်ကလည်း ယိုရို ခြေစွမ်းအပေါ် သဘောကျနေပါတယ်။

ယူနိုက်တက် ပွဲထွက် ဂိုးသမား အိုနာနာက ပြင်သစ်သား နောက်ခံလူငယ်လေးရဲ့ အစွမ်းကို ပွဲအပြီးမှာ ဝမ်းမြောက်စွာနဲ့ အခုလို ချီးကျူးစကား ဆိုခဲ့ပါတယ်။

” သူက ထူးချွန်မှုတွေ အများကြီး ရှိလို့ မန်ချက်စတာ ယူနိုက်တက်မှာ ရှိနေတာပါ။ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဖြစ်ဖို့ ဆိုရင် ကွာလတီ ရှိရမယ်။ ဒါကို သူ ဒီပွဲ ပထမပိုင်းမှာ ပြသနိုင်ခဲ့ပြီ။

သူက ငယ်ရွယ်တယ်၊ ထူးချွန်တယ်၊ ဘောလုံးနဲ့ အတူ ကောင်းမွန်တယ်။ ဒီတော့ ဒီရာသီ သူ့ အစွမ်းကို ကောင်းကောင်း မြင်ရတော့မှာပါဗျာ။

သူ အချိန်ယူရမယ် ဆိုရင်လည်း ကျွန်တော်တို့က ဒီမှာ ကူညီဖို့ အသင့် ရှိပါတယ်။ သူ အဆင်ပြေမှာပါ။ ကျွန်တော်တို့ ကင်းထောက်ကောင်းတွေကကို ခေါ်ယူစေခဲ့တာ ဆိုတော့ သူ့မှာ ကွာလတီကောင်းတွေ အများကြီး ရှိတယ်။ ” လို့ အိုနာနာက ပြောဆိုခဲ့ပါတယ်။

အသက် ၁၈ နှစ် အရွယ် နောက်ခံလူဟာ ရာသီကြို ခြေစမ်းပွဲ ပွဲဦးထွက် ဝင်ကစားရာမှာ အားလုံး အသိအမှတ်ပြုမှုတွေ ရရှိခဲ့ပါတယ်။