ဒီလစ် အတွက် ကမ်းလှမ်းမှု၊ မထွက်ချင်တဲ့ အန်တိုနီ၊ ဂရင်းဝုဒ် အမြတ် လှူဖို့ တောင်းဆိုသူများ၊ တော်မီနေး၊ မောင့်တို့နဲ့ မန်ယူ ထူးခြား သတင်းတိုများ
မန်ချက်စတာ ယူနိုက်တက် က ဘိုင်ယန်မြူးနစ် နောက်ခံလူ ဒီလစ် အတွက် ယူရို ၃၅ သန်းနဲ့ စတင် ကမ်းလှမ်းလိုက်ပြီ လို့ သိရပါတယ်။ ဘိုင်ယန်ဘက်ကတော့ ဒီလစ် အတွက် ယူရို သန်း ၅ဝ ဝန်းကျင် ရရှိလိုပြီး ဆက်လက် ဆွေးနွေးနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ တောင်ပံသမား အန်တိုနီကို ရာသီသစ်မှာ ဆက်ထိန်းထားဖို့ကို စဉ်းစားဆဲဖြစ်သလို ကစားသမားရဲ့ လုပ်ခ ကာမိစေရေး အငှားချဖို့ပါ စဉ်းစားနေပါတယ်။

ဒါပေမယ့် အန်တိုနီ ရဲ့ အေးဂျင့်ကတော့ ဘရာဇီးသားဟာ အိုးထရက်ဖိုဒ့်မှာ ဆက်နေဖို့ ဆန္ဒ ရှိထားတယ်လို့ ပြောဆိုလာခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ နောက်ခံလူသစ် လန်နီ ယိုရိုရဲ့ခြေစွမ်းအပေါ် အားရကျေနပ်နေပြီး ယော်ရိုကြောင့် လာမဲ့ရာသီ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်နေကြပါတယ်။
မန်ယူအသင်းဟာ ဂရင်းဝုဒ်ကို ရောင်းချရာမှ ရရှိလာတဲ့ အမြတ်အစွန်းတွေကို အမျိုးသမီး လူမှုအဖွဲ့အစည်းတွေထံ လှူဒါန်းဖို့ တောင်းဆိုခြင်း ခံနေရပါတယ်။
ဘိုင်ယန်မြူးနစ် အကြီးအကဲ အူလီဟိုးနက်စ် ကတော့ သူတို့ဟာ ပြင်သစ် ခံစစ်မှူး အပ်ပါမီကာနို ကို ရောင်းချဖို့ အစီအစဉ် မရှိပေမယ့် မန်ယူနိုက်တက် နဲ့ သတင်းထွက်နေတဲ့ နယ်သာလန် ခံစစ်မှူး ဒီလစ် ကတော့ အသင်းပြောင်းရွှေ့နိုင်တဲ့ အလားအလာ ရှိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
ဖူလ်ဟမ် နဲ့ တော့တင်ဟမ် ဟော့စပါး အသင်းတွေက စိတ်ဝင်စားနေပေမယ့် မန်ယူနိုက်တက် ဟာ ကွင်းလယ်လူ တော်မီနေး ကို ရောင်းထုတ်သွားဖို့ အစီအစဉ် မရှိသေးဘူးလို့ ကြားသိရပါတယ်။
နာမည်ကျော်ဂျာနယ်လစ်ဖြစ်သူ ဖာဘရစ်ဇီယိုရိုမာနိုက ယူနိုက်တက်အသင်းဟာ မေဆင်မောင့်ကို ရောင်းချမှာ မဟုတ်ဘူးလို့ အခိုင်အမာဆိုခဲ့ပါတယ်။
ရိုမာနိုက ” မေဆင်မောင့်နဲ့ပတ်သက်ပြီး အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေပေမဲ့ ယူနိုက်တက်အသင်းဟာ အခု လောလောဆယ် မေဆင်မောင့်ကိုရောင်းချဖို့ အစီအစဉ် မရှိသေးပါဘူး။ ယူနိုက်တက် ကစားသမားဘ၀ ပွဲဦးထွက်ရာသီမှာ မေဆင်မောင့် ကံမကောင်းခဲ့ပေမဲ့ ဒီရာသီမှာတော့ အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပြဖို့ အာရုံစိုက်ထားပါတယ်။ အဲဒါကြောင့် ယူနိုက်တက်ကနေ မေဆင်မောင့် ထွက်ခွာဖို့က မဖြစ်နိုင်ပါဘူး။ ” လို့ အခိုင်အမာ ဆိုခဲ့ပါတယ်။