ကွင်းလယ် ရွေးချယ်မှု၊ ချယ်ဆီး နောက်ခံလူကို ခေါ်ယူလိုခြင်း၊ သန်း ၁ဝဝ တန် တောင်ပံပစ်မှတ်နဲ့ မန်ချက်စတာ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ ပီအက်စ်ဂျီ တောင်ပံသမား ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူရေးမှာ ဘိုင်ယန်၊ လိုက်ပ်ဇစ်တို့ထက် အသာရဖို့ ပြောင်းရွှေ့ကြေး ယူရို သန်း ၁ဝဝ ထိ သုံးစွဲချင်နေပါတယ်။

လီဗာပူး ကွင်းလယ်ဟောင်းကြီး ဒီဒီ ဟာမန်းကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် ရာသီမှာ မန်စီးတီးနဲ့ အပြိုင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ စိန်ခေါ်နိုင်မယ်လို့ သုံးသပ်လိုက်ပါတယ်။

ဂျေဒန် ဆန်ချို ကို ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ် တို့က ခေါ်ယူလိုနေကြပြီး ယူနိုက်တက်က ပေါင် သန်း ၄ဝ ရရင် ရောင်းချဖို့ စဉ်းစားနေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူမှာ မဟုတ်ဘဲ ဘင်ဖီကာ ကွင်းလယ်လူ ဂျာအိုနီဗက်စ်အတွက် ပိုမို အားထည့်နေပါပြီ။

ကွင်းလယ်ပိုင်း အင်အားဖြည့်ဖို့ ယူနိုက်တက်ဟာ ဇူဘီမန်ဒီ၊ ရာဘီရော့နဲ့ အမရာဘတ်တို့ထဲက တစ်ဦးကို ရွေးချယ်ဖို့ စဉ်းစားနေပါတယ်။

ချယ်ဆီး အသင်း အရောင်းတင်ထားတဲ့ နောက်ခံလူ ချာလိုဘတ်ကို ခေါ်ယူရေး ယူနိုက်တက်က စိတ်ဝင်စားနေပါတယ်။ အင်္ဂလန်သားကို ချယ်ဆီးက ရာသီကြို ခရီးစဉ်တောင် မခေါ်သွားတော့ဘဲ ချန်ထားခဲ့ကာ ရောင်းချဖို့ ကြိုးစားနေပါတယ်။