အမေရိကန် ရာသီကြို ခရီးစဉ်သို့ လိုက်ပါသွားတဲ့ မန်ချက်စတာ ယူနိုက်တက် လူစာရင်း အပြည့်အစုံ
မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ ဒီနွေ အမေရိကန် ရာသီကြို ခရီးစဉ် လိုက်ပါမယ့် ၂၉ ဦး လူစာရင်းကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်တည်းက ကာရင်တန်မှာ ရောက်နေကြတဲ့ အဲရစ်ဆန်၊ တွမ်ဟစ်တန်၊ ဟွိုင်လန်းနဲ့ တော်မီနေးတို့ကတော့ ရာသီကြို ခရီးစဉ် လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ရာသီကြို လူစာရင်းမှာ ဒီနွေမှာ ခေါ်ယူထားတဲ့ တိုက်စစ်မှုးသစ် ဇီရစ်ဇီးတော့ မပါဝင်လာပါဘူး။ ကိုပါအမေရိကနဲ့ ယူရိုပြိုင်ပွဲဝင်ထားတဲ့ ယူနိုက်တက် အသင်းသားတွေနဲ့ အတူ ၎င်းက နောက်ရက်များမှ လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ အမေရိကန် ရာသီကြိုခရီးစဉ် လိုက်ပါသွားတဲ့ လူစာရင်း အပြည့်အစုံက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
GOALKEEPERS
Tom Heaton
Demot Mee
Andre Onana
Radek Vitek
DEFENDERS
Harry Amass
Rhys Bennett
Jonny Evans
Will Fish
Victor Lindelof
Harry Maguire
Sam Murray
Aaron Wan-Bissaka
Leny Yoro
MIDFIELDERS
Casemiro
Toby Collyer
Christian Eriksen
Hannibal
Jack Fletcher
Sam Mather
Scott McTominay
Mason Mount
Maxi Oyedele
James Scanlon
FORWARDS
Antony
Amad
Rasmus Hojlund
Marcus Rashford
Jadon Sancho
Ethan Wheatley
ဒါလော့၊ ဖာနန်ဒက်စ်၊ ဂါနာချို၊ မိုင်နူး၊ မာတီနက်ဇ်၊ ဘေယင်ဒါ၊ ပယ်လစ္စထရီနဲ့ လုခ်ရှောတို့ က နိုင်ငံပွဲတွေ ကစားထားရတာကြောင့် နောက်ကျမှ ပါဝင်လာမှာပါ။
နောက်ခံလူ မာလာစီယာကလည်း ဒဏ်ရာကနေ ပြန်လည် ကြံ့ခိုင်မှု လေ့ကျင့်ရေးများ လုပ်ဆောင်မှာ ဖြစ်တာကြောင့် အမေရိကသို့ လိုက်ပါ မသွားပါဘူး။